9

1.2K 68 0
                                    

[UNI]

အနည်းငယ်သာ မြင်နေရသော လှလွန်းသည့် ပင်လယ်ပြင်ကြောင့် ဆက်မသွားဘဲ စံလင်း ရပ်ကြည့်နေမိသည်။

"ငေးကြည့်ဖို့ထိုက်တန်တယ်နော် အစ်ကို"

"မင်းခန့်ပိုင်ဖြိုး..."

"ဒီကနေ ကြည့်ရင်တောင် ဒီလောက်လှနေတာ။ အရှေ့ထိသွားကြည့်ရင် ပိုလှမှာပဲ။ ဟုတ်တယ်မလား"

အပြုံးမပျက်၊ မျက်တောင်မခတ်၊ အကြည့်တစ်စက် မလွှဲဘဲ ပြောလာသူ၏ စကားတို့သည် ဘာကြောင့်များ လေးနက်နေသည်ဟု စံလင်းသူ ခံစားနေရပါသနည်း။

"ရပ်မနေနဲ့လေဗျာ။ သိပ်လှတဲ့အရာတွေကို လှမ်းမြင်နေရတာတောင် ရှေ့ဆက်မတိုးဘဲ ငေးပဲငေးနေတော့မလို့လား"

"အစ်ကို..ဒီအတိုင်း သွားဖို့မေ့သွားအောင် ငေးမိနေလို့"

"ကျွန်တော်နဲ့ အတူ သွားချင်လား.. အဲ့ဒီ နေရာကိုလေ။ ရောက်သွားရင် ဘယ်လောက်ကြည်နူးစရာ ကောင်းလဲ မသိချင်ဘူးလား"

ရိုးရိုးတန်းတန်းပြော၍လည်း ရပါသည်။ ဘယ်နှယ့်ကြောင့် စကားကို ထူးဆန်းစွာ ပြောနေရသနည်း။ သူပဲစိတ်ထင်နေသည်လား။  စံလင်း အနေရ ခက်လာ၏။ သူ့အရှေ့က လူငယ်လေးက မထိတထိစကားတွေဖြင့် လူကိုရင်တုန်အောင် လုပ်နေပြန်ပါပြီ။

"မင်းခန့်ပိုင်ဖြိုးကရော ပင်လယ်ဆီသွားမလို့လား"

"ဟုတ််တယ်ဗျ"

"သြော်.."

စကားလမ်းကြောင်းလွှဲခြင်း အောင်မြင်သည်မို့ ထိုနားတွင် စကားစပြန်ဖြတ်ကာ အရင်ထွက်သွားဖို့ ပြင်သည်။

"အစ်ကို အတူသွားမယ်လေ"

ထိုအခါ နာမည်ခေါ်ရင်း ပြေးလိုက်သွားသော ကောင်လေးကို အရှေ့ကလျှောက်နေသော ကောင်လေးက မည်သည်မှ ပြန်မပြောဘဲ သူ့လမ်းသူ ဆက်သွားနေသည်ကို တွေ့ရမည်ဖြစ်သည်။

ထို့အပြင် တစ်စွန်းတစ်စသာ မြင်နေရသော အပြာရောင်လွင်ပြင်လွှမ်းမိုးနေသည့် ပင်လယ်ပြင်ထက် ဘေးချင်းယှဥ်ကာ အတူလျှောက်နေသော ကျောပြင်နှစ်ခုက မြင်ရသူတွေအဖို့ ပို၍လှပနေခဲ့သည့် မြင်ကွင်းဖြစ်နေသည်။

Us Two [Completed]Where stories live. Discover now