21

1.1K 53 1
                                    

[UNI]

"ခွေးတတောင်းဇား!!"

"ဟားဟားဟား!!"

ဆယ်ကျော်သက်အရွယ်လောက်ကတည်းက အိမ်မပြန်ဖြစ်တဲ့နေ့တွေ သုံးယောက်အတူနေဖို့ဝယ်ထားသည့် ကွန်ဒိုဆီ ရောက်နေကြခြင်းဖြစ်သည်။ RKဖြစ်သည့် သူတို့သုံးယောက်အတွက် ဆယ်ကျော်သက်မှာတင် ကွန်ဒိုတစ်လုံးဝယ်နိုင်သည်မှာ မထူးဆန်း။

တံခါးဖွင့်ဝင်လာကတည်းက အော်ဆဲလာသည့် မင်းခန့်ပိုင်ဖြိုးကြောင့် ဆိုဖာပေါ် တွင် ထိုင်နေသော လွှမ်းသူရမောင်ကလည်း အော်ရယ်လေသည်။ ဇွဲဝေနောင်ကလည်း သူတို့နှစ်ယောက်အဖြစ်ကိုကြည့်ရင်း ရယ်နေ၏။

"သားလေး တော်တော်မှရှင်းပြလိုက်ရရဲ့လား ဟားဟား!!"

"မင်း စောက်ကျင့်မကောင်းတဲ့ကောင်"

"ပါးပါးလေး ယုတ်မာမိတာကို စွပ်စွပ်စွဲစွဲနဲ့ကွာ"

"-ီးကို ပါးပါးလေးလား။ အစ်ကိုက ညက အရမ်းခံစားသွားရတာ။ ငါ အရင်က ဘယ်လောက်ပဲ ရည်းစားရှုပ်ပွေခဲ့တဲ့ကောင်ဖြစ်နေပါစေဦး။ အစ်ကို့အတွက်တော့ ငါက သူ့အချစ်ဦးကွ"

တရှူးရှူးတရှဲရှဲ ပြောနေတာမှ ကျွဲသာဆို လွှမ်းသူရမောင် အခွေ့ခံနေရလောက်ပြီဖြစ်၏။

"အေးပါကွာ။ သူငယ်ချင်းလေးကလည်း ငါကလည်း ကိုစံလင်းကို ချစ်လို့စတာပါကွာ"

"-ီးကိုချစ်!!"

"အေးအေး မှားလို့ မှားလို့။ မင်းကိုချစ်လို့ မင်းအစ်ကိုကို စတာပါကွာ"

"ရွံစရာကြီးကွာ!! ဖယ်စမ်းပါ!"

အတင်းဖက်ယက်ပြီး လာပြောနေသည့် လွှမ်းသူရမောင်ကို မင်းခန့် တွန်းထုတ်ရင်း ဆိုဖာပေါ် ဝင်ထိုင်လိုက်၏။ သူ စိတ်တိုလည်း တိုချင်စရာပင်။ ညက အစ်ကိုက ထိုကိစ္စကြောင့် ငိုတောင် ငိုခဲ့သည်မဟုတ်လား။ သူ့မှာ မနည်းချော့လိုက်ရတာ သူသာအသိဆုံး။

"မင်းတို့က ဘယ်တော့ ယူကြမှာလဲ"

ဇွဲဝေနောင်က ငြိမ်သက်သွားသည့် အခြေနေတွင်မှ ထမေးလာသည်။ မင်းခန့်က ဇွဲဝေနောင်ကို တစ်ချက်ကြည့်ရင်း

Us Two [Completed]Where stories live. Discover now