12

1.8K 86 2
                                    

[UNI]

*Tee Tee Tee*

ဆူညံပွတ်လောရိုက်နေသည့် Alarmသံသည် ကျယ်သထက် ကျယ်လာပြီဖြစ်၏။ စောင် ခေါင်းမှူးခြုံထားသူသည်ကား ဘာမှ မကြား၊ မသိသူ တစ်ယောက်လိုပင်။

နှစ်မိနစ်ခန့်ကြာသည့်အခါ အော်ရသည့် Alarmလည်း မောသွားသည်ထင်၏။ ငါးမိနစ်အချိန်ကို ပြန်ရေတွက်ကာ ပိတ်သွားရှာသည်။

ထိုအခါတွင်မှ စောင်ခြုံထဲက ဇတ်ကနဲထထိုင်သူသည် စက်ရုပ်တစ်ရုပ်ပမာ။ ညက လက်လည်းကိုင်ရ၊ Kissလည်း ပေးလိုက်ရသည်မို့ အပျော်လွန်ပြီး မိုးလင်းခါနီးမှ အိပ်ပျော်သွားခဲ့သည်။

အချိန်ကား  7:34ဖြစ်သည်။

အိပ်ချင်မူးတူးဖြစ်နေရာတွင်မှ တစ်စုံတစ်ခုကို သတိရကာ အိပ်ချင်ပြေသည်။ တရားဝင် ဖွင့်ပြောပြီးပြီမို့ ဒီမနက်ခင်းက ယမန်နေ့တွေထက် ပိုစိတ်လှုပ်ရှားစရာကောင်းသည်။ ထို့ကြောင့် ခုံပေါ်တွင် မကြာခင် ထပ်၍အော်တော့မည့် Alarmကို offကာ ရေချိုးခန်းဆီဦးတည်လိုက်၏။

////////////

လူရှင်းနေသေးသော Airportသည် အခြားကြောင့်ကြောင့်မဟုတ်။ သူကသာ အစောဆုံးFlightကို ယူထားခြင်းကြောင့်ဖြစ်သည်။

ထိုသူသည် စံလင်းသူဖြစ်သည်။  မျက်နှာချင်းဆိုင်ဖို့ရာ အခက်အခဲရှိနေသည့်သူကြောင့် မနေ့ကလို လမ်းမသိသည့် အခြေအနေမျိုး ထပ်မဖြစ်ရအောင် ထွက်ပြေးလာခဲ့ခြင်း။

သူလည်း လူပဲ။ အနှစ်နှစ်ဆယ်ကျော် တစ်ကိုယ်တည်းနေခဲ့သည့်နှုတ်ခမ်းကို ထိတွေ့ခံရတော့ မျက်နှာပူပါသည်။

တွေးနေရင်းဖြင့် မနေ့ညက ကျူးလွန်ခံခဲ့ရသည့် နှုတ်ခမ်းလေးကို လက်ညိုးလေးဖြင့် ပွတ်ဆွဲကြည့်မိ၏။ ပြန်ပေါ်လာသော ပုံရိပ်ယောင်တို့ကြောင့် သူ့မှာ ပြုံးမိပြန်သည်။ မဟုတ်သေး.. အပြုံးကိုချက်ချင်းပြန်ရုတ်ကာ အနီးအနားကို ဘယ်၊ ညာ အကဲခတ်၏။

သူပြုံးတာ ဘယ်သူများမြင်သွားသေးသလဲ။

မည်သူမှ သူ့ကိုကြည့်မနေတာ သေချာမှ ခေါင်းလေးငုံ့ကာ နှုတ်ခမ်းလေး အနည်းငယ်လှုပ်သွားသည်အထိပဲ ပြုံးမိပြန်သည်။ ဒီတစ်ကြိမ်တွင်တော့ မျက်နှာလေးပါ နီနေပါ၏။

Us Two [Completed]Where stories live. Discover now