15

17.2K 558 24
                                        

UNI

ညနေ လေးနာရီ သင်တန်းဆင်းချိန်တွင် စံလင်းသူ သိမ်းစရာရှိသည်တို့သိမ်းကာ ကားရှိရာဆီထွက်လာစဉ် ဆိုင်ကယ်ကိုမှီ၍ ရပ်စောင့်နေသော မင်းခန့်ပိုင်ဖြိုးကြောင့် အံ့ဩသွားရသည်။

ယခုဆိုလျှင် မင်းခန့်ပိုင်ဖြိုးသည် သူ့ဒယ်ဒီ၏ ကုမ္ပဏီတွင် အလုပ်သင်အနေဖြင့် လုပ်နေခဲ့သည်မှာ သုံးပတ်နီးပါးလောက်ရှိနေပြီဖြစ်သည်။ ပုံမှန် ရုံးဆင်းချိန်ကိုသိထားသူဖြစ်၍ လာကြိုမည်ဟုလည်း မပြောထားသည်ကြောင့် စံလင်း အံ့ဩသွားရခြင်းသာ။

❝ မောင် ဘယ်လိုရောက်နေတာလဲ။ ဒီနေ့ ရုံးဖွင့်ရက်ကြီးကို ❞

❝ အင်း.. မောင် ဒီနေ့ နေ့တစ်ဝက်ပဲရုံးတက်တာ။ အဲ့ဝာာကြောင့် အစ်ကို့ကို ဝင်ကြိုပြီး ခေါ်သွားစရာလည်းရှိလို့ ❞

မောင်ဟာ ဆိုးပါသည်။ အလုပ်အား သုံးပတ်မျှသာဆင်းရသော်လည်း နေ့တစ်ဝက်ခွင့်ယူတတ်နေလေပြီ။

❝ ဟင်.. ဘယ်ကိုလဲ ❞

❝ လိုက်ခဲ့ရင် သိမှာပေါ့ဗျာ ❞

စံလင်းမှာ ရုတ်တရက်ကြီးရောက်လာကာ တစ်နေရာဆီခေါ်သွားရန် စိတ်အားထက်သန်နေသော မင်းခန့်ပိုင်ဖြိုး၏ အပြုံးတွေကြား မေ့မျောကာ မလှုပ်မလျက်လေးဖြစ်နေစဉ် ဆိုင်ကယ်ဦးထုပ် ဆောင်းပေးလာသည့် မင်းခန့်ပိုင်ဖြိုးကြောင့် အသိပြန်ဝင်လာခဲ့သည်။

❝ ဟို.. မေမေ့ကို... ❞

❝ ယောက္ခမကြီးကို ကျွန်တော်ဝင်ပြောခဲ့ပြီးပါပြီခင်ဗျာ။ ဒီလူပျိုလေးကို ည၁၀နာရီမထိုးခင် ပြန်ပို့ပေးမယ့်အကြောင်းကိုရောပဲ ❞

❝ ဒါဆို ကားက..❞

❝ ထားခဲ့လိုက်။ မနက်ကျရင်လည်း ကျွန်တော်ပဲ အစ်ကို့ကိုသင်တန်းလိုက်ပို့ပေးမယ် ဟုတ်ပြီလား ❞

အရာရာကို အစီအစဉ်တကျဖြစ်နေအောင် လုပ်ထားပြီးပြီမို့ မင်းခန့်ပိုင်ဖြိုး သူ့ရှေ့က လူပျိုလေးကို ခေါ်သွားဖို့သာ ကျန်တော့၏။ မြန်မာပြည် ပြန်ရောက်ကတည်းက အိမ်တွင်သွားတွေ့သည်နှင့် အိမ်နားပတ်ဝန်းကျင်ကိုသာ ခေါ်သွားဖြစ်ခဲ့သည်မို့ ယခုမှ ဘယ်နေရာဆီမသိဘဲ နှစ်ယောက်တည်း အတူသွားရမည်ကို သူ့လူပျိုလေးက မျက်နှာတကြည့်ကြည့် ဖြစ်နေလေသည်။

Us Two [Completed]Where stories live. Discover now