17

1.7K 87 0
                                    

[UNI]

တကျီကျီအော်မြည်နေသော ငှက်သံတို့ကြောင့် မျက်ခုံးတို့ တွန့်ချိုးရင်း နိုးလာရသည်။ ဝေဝါးနေသော မြင်လွှာကို တဖြည်းဖြည်းကြည်လင်စေရင်း မျက်နှာကျက်ကို ကြည့်မိ၏။ ရင်းနှီးနေသော အခန်းသည် သူ၏အိပ်ခန်းပင်ဖြစ်သည်။

"ကျွတ် ကျွတ်"

မူးနောက်နေသောခေါင်းကြောင့် နားထင်ကိုဖိနှိပ်ကာ မျက်လုံးကိုပြန်မှိတ်ရင်း မျက်ခုံးထပ်ကျုံ့မိသည်။ တအောင့်နေတော့ အနည်းငယ် ခေါင်းပြန်ကြည်၍ မနေ့ညက အဖြစ်အပျက်များအား ပြန်စဉ်းစားမိသည်။

သင်တန်းအပြီးတွင် သူ မင်းခန့်ပိုင်ဖြိုးနှင့်အတူ လိုက်သွားခဲ့သည်။ ထို့နောက် အတူသောက်ကြရင်း စကားတွေလည်း ပြောဖြစ်ကြ၏။ နောက်တော့.. နောက်တော့ သူရီဝေဝေနှင့် မူးသွားခဲ့သည်ထင်၏။ နောက်ပိုင်းကိုထပ်၍စ ဉ်းစားမရတော့ပေ။

သို့သော် ယခု သူ့အခန်းထဲရောက်နေသည်မို့ မင်းခန့်ပိုင်ဖြိုးပဲ မူးနေသည့်သူ့အား ပြန်ပို့ပေးခဲ့သည်ဟု စံလင်းသူတွေးလိုက်တော့သည်။

"ဟင်း..."

မူးပြီး ဘာတွေ ပေါက်ကရလုပ်ခဲ့သည်မှန်း စဉ်းစားမရသည်ကြောင့် သက်ပြင်းချမိပြန်၏။ ထိန်းပေးမည့်သူရှိသည်ဆိုသောအသိဖြင့် စိတ်ချလက်ချသောက်ခဲ့မိသည်။ တခြားသူများအတွက် ဘီယာနှစ်ဗူးသည် မဆိုသလောက်ဖြစ်နိုင်သော်လည်း သူ့အတွက်တော့ အတော်လေးသောက်ခဲ့ခြင်းပင်။

စဉ်းစားမရသည်ကို ထပ်တွေးမနေတော့ဘဲ ကုတင်ဘေးမှ ခုံပေါ်ဆီ အကြည့်ပို့မိတော့ သူ့ဖုန်းအား တွေ့လိုက်ရ၏။ ဆွဲယူကာ အချိန်ကြည့်မိလျှင် ဖုန်းမှန်ပြင်တွင် မနက် ၈နာရီကိုပြနေသည်။

ပုံမှန်ထနေကျအချိန်ထက် နောက်ကျနေပေပြီမို့ ကုန်းရုန်းထပြီး မျက်နှာသစ်၊ ကိုယ်လက်သန့်စင်၍ အောက်ထပ်ဆင်းသွားလိုက်သည်။

ထမင်းစားခန်းတွင် ထုံးစံအတိုင်း မေမေကရှိနေသော်လည်း မနက်စာပင် စားနေပြီဖြစ်၏။ ညက ဘယ်လိုပုံစံနှင့် အိမ်ရောက်လာခဲ့သည်မှန်းလည်း မသိ‌သည်မို့ မေမေ့ကိုမြင်တော့ ဘာရယ်မဟုတ် မျက်နှာပူမိသည်။

Us Two [Completed]Where stories live. Discover now