လွှမ်း ရိပ်ခြုံ ဂေ ဟာ လေး ၏ မျ က်နှာ စာ တွင်ရှိသော သစ်ပင်ရိပ် ခပ်အုပ်အုပ်တို့ အော က်တွင်ကား စာ ရွက်ဖြူ ဖြူ လေးများ ပေါ် ၌ ခဲတံဖြ င့်ရေး ခြ စ်၍ မိမိတို့စိတ်ကူး များ ကို ပုံ
ဖော် နေ သော ကလေး တစ်စု ရှိနေ လေ သည်။ကလေးတိုင်း ဟာ ရင်ဘတ်နေ ရာ မှာ ဂေ ဟာ နာ မည်ပါ သော ဆွတ်ဆွတ်ဖြူ ရှပ်လေးများ ကို တူညီစွာ ဝတ်ဆင်ထား ကြ ၏။ထိုကလေး ငယ်တို့အလယ်ရှိ အပြုံးလေး များ တလက်လက်တော က်ပစွာ တည်ရှိနေ သော ဖြူ လွလွပုံရိပ်လေးသည်မှာ လည်း ရှုငြီး မဆုံး နိုင်ဖွယ် အနုပညာ တစ်ရပ်ပမာ ။"နေ ပူထဲ ထွက်မဆော့ ရဘူး "
သစ်ပင်ရိပ်အော က်မှာ ပြေး လွှား ဆော့ ကစား နေ ကြ သည့် ကလေး တွေအရိပ်အာ ဝါ သမရှိသည့် နေ ပူကျဲ ကျဲ ဘက် ထွက်သွား မည်ကို စိုး ရိမ်သဖြ င့်တေး က လှမ်း သတိပေး လိုက်သော အခါ 'ဟုတ်ကဲ့' ဟုဆိုပြီး ပုံဆွဲတဲ့ကလေးတွေ အတွက် ခဲတံချွ န်ပေး နေ သော တေး အနား ဝိုင်း အုံလာ ကြ လေ ၏။
ဒီနေ့ က ဂေ ဟာ တည်ထော င်သူ ဘိုး ဘိုး လွှမ်း သာ ၏ နှစ်ပတ်လည်နေ့ သဖြင့် ကလေး တွေ ကို တစ်နေ ကုန် လွတ်လပ်ခွင့်ပေး ထား ခြ င်း ဖြ စ်သည်။
မနက်ပိုင်း မှာ လူကြီး တွေ က ဆွမ်း ကပ်တရား နာ နေ စဉ် ကလေး တွေ ကဘိုး ဘိုး အတွက် ဆုတော င်း မေ တ္တာ တွေ ရွတ်ဖတ်ကြ သည်။နေ့ လယ်စာ စားပြီး ကြ တာ နဲ့ ဂေ ဟာ ကဆရာ မတွေ ရယ် ရှစ်နှစ်အထက် ကလေး တွေ ရယ်က
မြို့ ထဲသို့ လျှော က်လည်ကြ တာ ဖြ စ်ပြီး တေး ကတော့ ကျ န်ခဲ့တဲ့ လူမမည်အရွယ်ကလေး တွေ ကို ထိန်း ကျော င်း ရင်း နေ ရစ်ခဲ့ရသည်။ဒီလူမမည်အရွယ်လေး တွေ က ဘာ မှသိတတ်သေး တာ မဟုတ်။လည်ရင်း ပတ်ရင်း လူကွဲသွား လျှ င်တော င် ဘာ မှပြော တတ်ကြ မှာ မဟုတ်တော့ တေး က တမင် ထည့်မလွှတ်လိုက်တော့ တာ ပင်။
လေး လေး တို့အိမ်က ပြ န်လာ ပြီး ကတည်း က နေ့ တစ်ပိုင်း လုံး တေး မှာကလေး ထိန်း သမား ကြီး ဖြ စ်နေ ရ၏။သို့ပေ မဲ့ ပျ င်း တော့ မပျ င်း ရပါ ။မပီကလာ ပီကလာ ၊တီတီတာ တာ ပြော သမျှ ကို နား ထော င်ရင်း တေး မှာ တပြုံး ပြုံး ။
နော က်ပြီး ဒီအရွယ်လေး တွေ က အရာ ရာ ကို စူး စမ်း တတ်ကြ တဲ့အရွယ်ဆိုတော့ သူတို့မေး သမျှ ပေါ က်ပေါ က်ရှာ ရှာ မေး ခွန်း တိုင်း ကိုလည်း လှည့်ပတ်ဖြေ ပေး နေ ရသေး သည်။