လက်ခလယ်ရှိ မိသား စုအမွေ ပစ္စည်း ဖြ စ်သော မြ စိမ်း ရော င်လက်စွပ်ကိုကြည့်လျ က် ဦး သီဟကွန်တစ်ယော က် အတွေး ထဲ နစ်မျောနေမိသည်။ မိမိဟာ အရမ်း ခေ တ်နော က်ကျ လွန်း သူ၊ရှေး ရိုး စွဲလွန်း သူ မဟုတ်ပါ သော် ငြားကိုယ်တိုင်ကြုံ တွေ့ ခဲ့ရသည့် သာ ဓကတို့ကြော င့် Konမိသား စုကြီး အတွင်း ရှိ ထိုဖြ စ်ရပ်ကြီး ကို မျ က်ကွယ်မပြု နိုင်။ယုံတစ်ဝက် မယုံတစ်ဝက်ဖြင့် ဒွိဟစိတ်တို့ အရိပ်လိုကပ်ပါ လာ ခဲ့သည်မှာမိမိသက်တမ်း တစ်လျှော က်ရှိခဲ့ ပြီ ။ ဦး သီဟကွန်အတွက် မိမိမျိုး ဆက်တစ်ဝိုက်အတွင်း တွယ်တာ ဆုံး ၊တစ် နည်း အား ဖြ င့် အချ စ်ရဆုံး သူမှာကား မိမိ၏ဖခင်လည်း မဟုတ်။ သွေး ရင်း သား ရင်း ညီဖြ စ်သူလည်း မဟုတ်။မိမိ၏ တစ်ဦးတည်း သော တူ လေး သာ ဖြ စ်သည်။ လူမမည်အရွယ်လေး ကတည်း က မိမိလက်ပေါ် ကြီး ပြ င်း လာ တဲ့ကော င် လေး ဟာ သိတတ်တဲ့အရွယ်ရော က်သည်နှင့် မိမိလက်ကိုဆွဲကာ 'လေး လေး နဲ့ ပဲလိုက်နေ မယ်'ဟု တစ်လုံး တည်း ပြ တ်ပြ တ်သား သား ပြော ပြီး ဖခင်အရင်း ကိုကျော ခိုင်း ၍ မိမိသွား ရာ နော က် ကော က်ကော က်ပါ ခဲ့သူဖြ စ်သည်။ထိုအရွယ်လေး ကတည်း က အသည်းမာ လွန်း သူ တူတော် မော င်ဟာ အိမ်ထော င် အသစ်နှင့်ဖခင်ကို တစ်ချ က်လေး မှ လှည့်မကြ ည့်တော့ ပေ ။
အမိမြေ ကိုစွန့်ခွာ ခဲ့ရတဲ့ ၁၀နှစ်အရွယ်ကော င်လေး ဟာ တိုင်း တစ်ပါး မှာ လည်းအလွယ်တကူနေ သား ကျ ခဲ့ပါ သည်။မြ န်မာ ပြ ည်မှာ ကျ န်နေ ခဲ့တဲ့ သူ သိပ်ချ စ်ရတဲ့အဘိုး ဖြ စ်သူကိုပင် ဖခင်မျ က်နှာ မကြ ည့်ချ င်ဟုဆို၍ တစ်ခါ မှ ပြ န်မတွေ့ ခဲ့။ထိုကတည်း က ဦး သီဟကွန်သာ ပင် သား ငယ်ဘဝ၏တစ်ဦး တည်း သော အုပ်ထိန်း သူဖြ စ်လာ ခဲ့တော့ သည်။ မိသား စုစီး ပွား ရေး လုပ်ငန်း ဖြ စ်သည့် ကွန်လုပ်ငန်း စုတစ်ခုလုံး ကို ညီဖြ စ် သူလက်ထဲ ပုံအပ်ထား သော ဦး သီဟကွန်မှာ လည်း ကနေ ဒါ (Canada)ရှိရုံး ခွဲ ကိုသာ စီမံပြီး ဘဝကိုလွတ်လပ်စွာ ဖြ တ်သန်း နေ သူတစ်ယော က်။မိမိတို့ အ သိုင်း ဝိုင်း က စီး ပွား ရေး လုပ်ငန်း အသိုင်း အဝိုင်း ဖြ စ်လို့ဆိုပြီး တူဖြ စ်သူကို ဒီပညာ သင်၊ ဒီကျော င်း တက်ဆိုပြီး ခိုင်း စေ ခဲ့တာ မျိုး လည်း မရှိခဲ့။သား ငယ် ဝါ သနာ ပါ ရာ ကိုသာ ပံ့ပိုး ပေး သည်။သား ငယ်လက်ညှိုး ညွှန်ရာ ဖြ ည့်စည်း ပေး ခဲ့သည်။