တေး လက်ဖျားလေးတွေ တုန်ယင်နေသည်။
"စိတ်လှုပ်ရှား နေ လား အစ်ကို ၊ ကလေး က ကျ န်း ကျ န်း မာ မာ ရှိနေ ပါ တယ်"
တစ်ပွင့်ပန်က အပြုံး ဖြ င့်ပြော ရင်း တေး လက်ထဲသို့ ultrasound result ကမ်း ပေး လာ သည်။လက်ထဲရော က်လာ တဲ့ ကဒ်ထဲမှ အဖြူ အမဲအရိပ်သဏ္ဌာ န်သေး သေး လေး အား တေး မျ က်တော င်ပင် မခတ်ဘဲစိုက်ကြ ည့်နေမိသည်။ ကော င်း ကော င်း မွန်မွန်ရှိနေ ပေး လို့ ကျေး ဇူး ပါ ဖေ ဖေ့ ကလေး လေး ။
"အစ်ကို့ အမျိုး သား ခေါ် လိုက်တော့ မလား "
တေး ခေါ င်း ညိတ်ပြ လိုက်ပြီး မကြာnurseလေး က တံခါး အပြ င်ဘက်၌ရှိနေ
သူကို သွား ခေါ် လေ သည်။ မာ န အခန်း ထဲသို့ဝင်လာ လာ ချ င်း စား ပွဲရှေ့ ရှိထိုင်ခုံမှာ ထိုင်နေ သူ၏ ခပ်ရဲရဲနား ရွက်ဖျား များ ကို အရင်မြ င်လိုက်ရသည်။ထိုအခါ ခပ်ရွတ်ရွတ်တွေး မိသွား ၏။သြော် ခက်ပါ ရဲ့ ။ပန်း ပျိုး တေး သွင်လိုလူက တကယ့် ရှား မှရှား ။ကလေး ရအော င်လုပ်ထား တာ က ဒီကော င်။ဒါ ကို နေ စရာ မရှိအော င်ရှက်နေတာ လည်း ဒီကော င့်ကိုတဲ့လေ ။မထူး ဆန်း ပေ ဘူး လား ။Ultrasound ရိုက်တာ တော င် ကိုယ်ကြ ည့်နေ ရင် သူရှက်ပါ တယ်ဆိုလို့ အခန်း ပြ င်ထွက်နေ ပေး ရတဲ့အဖြ စ်။မာ နတံကွန်ဆိုတဲ့ကော င်လည်း သူနဲ့ကျမှဘာ ကော င်ဖြ စ်နေ ရပြီ လဲတော င် မသိတော့ ပါ ။
"ရော့ "
ထိုင်ခုံမှာ ဝင်ထိုင်လိုက်တော့ မာန လက်ဖဝါး ကြီး ကြီး ထဲကို ရော က်လာ သည့် စာ ရွက်ပိုင်း လေး တစ်ခု။ထိုအခါ ကပ်လျ က်ခုံမှာ ရှိနေ တဲ့ စာ ရွက်ကမ်း ပေးလာ သူကို မာ န တစ်ချ က်ကြ ည့်လိုက်သည်။ထို့နော က်တွင်တော့ လက်ထဲရှိ အရာ လေး ကို စိုက်ကြ ည့်နေ မိတာ အတော် ကြာ သည်အထိပင်။
"ကလေး ကတော့ တစ်ဦး တည်း သော လေး ဖြ စ်မယ် ၊ သား သား လေး လား မီး မီး လေး လား ကတော့ နော က်၂လဆိုရင် သိရပြီ နော် "
တစ်ပွင့်ပန်ရဲ့ စကား အဆုံး ပေါ င်ပေါ် တင်ထား တဲ့ လက်ကလေး တုန်ယင်သွား တာ ကို လှမ်း မြ င်လိုက်တော့ မာ န ထိုလက်သွယ်သွယ်လေး ကို မိမိ လက်ဖဝါး ကြီး နဲ့ အုပ်မိုး ဆုပ်ကိုင်ပေး လိုက်သည်။