အပိုင်း-၂
"ရှက်တတ်ရင် လဲသေလို့ရတယ် ကင်းဝေး။ရုံးခန်းရောက်လို့ရောက်...ခံဝန်ထိုးရလို့ ထိုးရနဲ့..။တော်သေးတာပေါ့ ငါ့မှာလည်း သမီးမိန်းကလေးပဲ မွေးထားမိလို့သာ"
ဒေါ်မျိုးမမက အမှန်ပင် ဒေါသထွက်စွာနှင့် ခေါက်တုံ့ခေါက်ပြန်လျှောက်ကာ ပြောနေပေမယ့် ဝေးကတော့ ဆိုဖာပေါ်မှာခပ်တည်တည်ပဲ ထိုင်လျက်။
"ဟဲ့ ငါပြောနေတာကြားလား။ပြန်မပြော နားမထောင်နဲ့။ သူများတွေကြားရင် ဦးလေးမိန်းမက အနိုင်ကျင့်တယ်ပဲ ဖြစ်ရဦးမယ်"
"နားထောင်နေပါတယ် အန်တီမျိုး"
"နားထောင်နေရုံနဲ့ မရဘူး ကင်းဝေး"
အပြင်က ပြန်ရောက်လာသည့် ဦးနေမောင်က ရောက်လာသည်။ ဝေး တစ်ချက်တော့ ကြည့်လိုက်ပေမယ့် မျက်နှာလေးက ခပ်တည်တည်။
"နားထောင်ပြီး လိုက်နာကျင့်သုံးဖို့လည်း လိုသေးတယ်။တစ်ဖက်ကို လေးလေး ဘယ်လောက်တောင် အောက်ကျို့ပြီး တောင်းပန်ခဲ့ရသလဲ။ဒါတောင် မြတ်ကိုမောင် အဖေနဲ့က ရင်းနှီးနေလို့။ သူ့အမေက ကျေနပ်ချင်တာမဟုတ်ဘူး။ မင်းကိုပဲ မကျေမနပ်ဖြစ်နေတာ။ တစ်နေ့ အငြိုးမထားဘူးလို့ ပြောနိုင်လား"
"ကျွန်တော် မကြောက်ဘူး လေးလေး"
"လေးလေး ကြောက်တယ်။ ဒီကနေတစ်ဆင့် ရုံးရောက်ဂတ်ရောက်တွေ..နောက် မင်းနဲ့ပတ်သက်နေတဲ့ လေးလေးတို့ အသိုင်းအဝိုင်း..ပတ်ဝန်းကျင် ဒါတွေကို ဘယ်လိုလုပ် မျက်နှာပြရမလဲ။"
စကားဆုံးတော့ ဝေး စိတ်မကောင်းအနည်းငယ်ဖြစ်သွားရသည်။ လေးလေးက ဝေး ထိခိုက်မည်စိုးသည်ထက်.. သူတို့ဂုဏ်သိက္ခာကျမှာကို စိုးရိမ်နေခြင်း။ကျောင်းအုပ်ကြီးရုံးခန်းမှာလည်း ဖြစ်ပျက်သမျှကို အကုန်ပြောပြခဲ့သည်။ မြတ်ကိုမောင်က ရန်စတာ မှန်ပေမယ့် လူကို သွေးထွက်သံယိုနှင့် ကိုယ်ထိလက်ရောက်ကျုးလွန်လိုက်သည်က ဝေး ဖြစ်နေသည့်အတွက် အဘက်ဘက်က ဝေး ဘက်မှာမရှိ။ ထို့ပြင် အရင်ကတည်းက မြတ်ကိုမောင်က ဘယ်လိုပုံစံနှင့် ရန်စတတ်တာတွေ,ခုမှ မဟုတ်တာတွေ အဲ့ဒါတွေလည်း ဝေး တစ်ခုချင်းစီ ရှည်ရှည်ဝေးဝေး ပြောပြမနေချင်ပါ။
YOU ARE READING
ချစ်သောကရယ်တဲ့.. ကင်းစေလို.
Romanceအချစ်မှာ သောကတို့ ကင်းဝေးစေချင်ပေမဲ့ ချစ်သော ဒီသောကကင်းဝေး နဲ့တော့......