အပိုင်း-၂၆

6.1K 743 49
                                    

အပိုင်း-၂၆

ကုမ္ပဏီမှ ဒီဇိုင်းအဖွဲ့ထဲမှ တစ်ယောက်၏ မွေးနေ့ပွဲမို့ ငြင်း၍မရသည်ကြောင့် သွင်ပြင်တို့အဖွဲ့က ဘားတစ်ခုကို ရောက်နေရသည်။ အဖွဲ့ထဲတွင် လူငယ်တွေလည်းပါသည့်အပြင် မွေးနေ့ရှင်ကလည်း သက်လတ်ပိုင်းဖြစ်သည်ကြောင့် မွေးနေ့အတွက် ဒကာခံမည်ဆိုသည့်အခါ ဘားကိုရွေးချယ်ဖြစ်ကြသည်။တချို့က သက်ဆိုင်သူတွေပါ ခေါ်လာကာ တချို့က သူငယ်ချင်းတွေလည်း ပါသည်ကြောင့် အုပ်စုလေးက မြိုင်မြိုင်ဆိုင်ဆိုင်။

ဝေးကို ခေါ်ပေမယ့် ညနေဘက် customer နှင့်ချိန်းထားကာ အလုပ်လည်း ရှိသေးသည့်ဝေးက ငြင်းဆိုသည်။ တိုက်တိုင်ဆိုင်ဆိုင်ဖုန်းဆက်ဖို့ စဉ်းစားနေသည့် ချမ်းမြေ့က ဆက်သွယ်လာသည်မို့ ဘားကို ချမ်းမြေနှင့် အတူလာဖြစ်ခဲ့သည်။

“အစ်ကိုကင်းဝေးနဲ့က အဆင်ပြေတယ်မလား သွင်ပြင်.”

“အင်း.ပြေတယ်ဆိုပါတော့။”

“အဟဲ စပ်စုတယ်‌တော့ မထင်နဲ့နော်။ အိမ်ထောင်ကျနေတာဆိုတော့ မင်္ဂလာဦးပြီးပြီပေါ့နော်”

ချမ်းမြေ့က သွင်ပြင့်အနားကပ်လျက် စပ်ဖြဲဖြဲပြောလာသည်။ အားလုံးက သောက်စရာကိုယ်စီကိုယ်အာရုံနှင့် ကိုယ်ဖြစ်သည်။ဘားက တော်တော်လေးလည်းခမ်းနားကျယ်ဝန်းကာ ဧည့်သည်တွေက ကိုယ့်ဝိုင်းနှင့်ကိုယ် ထိုင်နေကြသည်များလည်း ရှိသလို ဘားကောင်တာရှေ့တွင်လည်းရှိနေကြသည်။

“ဝေးက ငါ့ကို အဖြေမပေးသေးဘူး။”

“ဘာ!!”

ရုတ်တရက်ဆောင့်ထွက်သွားသည့် အသံကို မည်သူမှ အာရုံစိုက်မလာပေမယ့် ကိုယ့်အရှိန်ကိုယ်ပြန်ထိန်းလိုက်ရသည်။

“သူ မင်းကို ခံစားချက်ရှိတယ်လို့တော့ ငါထင်တာပဲ.အတူတောင်နေကြတာကို အဖြေက မရသေးဘူးပေါ့.. အဟား..ဟား.. သွင်ပြင်တို့ ဒီတစ်ခါတော့ ညံ့သွားပြီ။ တချို့ကိစ္စလေးတွေက မင်းဘက်က စလိုက်ပေါ့။”

“ပေါက်တတ်ကရတွေ တော်တော့ ချမ်းမြေ့. သောက်မှာအေးဆေးသောက်စမ်းပါ”

သွင်ပြင်ကိုယ်တိုင်က ယမကာတစ်ခွက်ကို အနည်းငယ်ကောက်မော့မိသည်။ချမ်းမြေ့ကတော့ တဟဲဟဲနှင့် ရယ်နေဆဲပါ။ မနေ့ကမှ ရထားသည့် ပူပူနွေးနွေးအနမ်းရင့်ရင့်အကြောင်းတွေကို တွေးမိတော့ ခန္ဓာကိုယ်ထဲမှ သွေးတို့ ဆူပွက်လာသလို ခံစားရသည်။ မိနစ်အများကြီးကြာသွားခဲ့သည့် ထိုအနမ်းတွေမှတစ်ဆင့် သူ့၏ ခန္ဓာဗေဒ ပြောင်းလဲမှုတွေကို အရင်ဦးဆုံးသတိထားမိသူ ဝေးက အရင် အနမ်းတွေကို ရပ်တန့်ခဲ့သည်။

ချစ်သောကရယ်တဲ့.. ကင်းစေလို.Where stories live. Discover now