အပိုင်း-၃၁ ဇာတ်သိမ်းပိုင်း

10.2K 870 50
                                    

အပိုင်း-၃၁ ဇာတ်သိမ်းပိုင်း

တြိဂံဒီဇိုင်း team နှင့်တွဲဖက်လုပ်ကိုင်နေသည့် ဒီဇိုင်းက ခုရက်ပိုင်းတွင်ပင် ဈေးကွက်ထဲ စဖြန့်နေပြီဖြစ်ကာ တော်တော်လည်း အရောင်းသွက်နေသည်။ သွင်ပြင်ရော ဝေးပါ နှစ်ယောက်လုံး အလုပ်ရှုပ်နေကြပေမယ့် သွင်ပြင်ကတော့ ဝေးကို ထိပါးခဲ့သည့် မြတ်ကိုမောင်တို့နှင့်ပတ်သက်သမျှ လုပ်ငန်းပိုင်းတွေကအစ ထိထိရောက်ရောက် တုံ့ပြန်ခဲ့တာမို့ သူတို့မိသားစုသည် ဘဝပျက်မတတ်။မြတ်ကိုမောင်သည်လည်း တရားမဝင်လောင်းကစားဝိုင်း ကိစ္စတွေနှင့် တရားရင်ဆိုင်နေရသည်မှာလည်း သွင်ပြင့်လက်ချက်သည်သာ။ ဝေးက မြတ်ကိုမောင်ကို တွေ့ကာ တစ်ခုခုလက်တုံ့ပြန်ချင်ပေမယ့် သွင်ပြင်က ဝေးကို ထိုသို့ပြုမူခွင့်မပေးဘဲ အနားမှာသာ နေစေခဲ့သည်။

ခုလည်း နှစ်ယောက်သား တြိဂံကုမ္ပဏီကနေ အတူပြန်လာဖြစ်ရင်း ညစာစားကြသည်။စင်တာထဲတွင် အိမ်အတွက် လိုအပ်တာလေးတွေ ဝေး ဝယ်ချင်တာမို့ စင်တာထဲလည်း လှည့်ပတ်ကြ၏။

"သွင်ပြင် ငါ သစ်သီးတန်းဘက် သွားဦးမယ်"

"လိုက်ခဲ့မယ်လေ."

"နေပါ. အဲ့မှာ ဝယ်ချင်တာဝယ်ထားနှင့်"

သွင်ပြင်က လျှပ်စစ်ပစ္စည်းတန်းတွင် ပစ္စည်းတွေကို စိတ်ဝင်တစားကြည့်နေသည်ကြောင့် ‌ဝေး သူ့ကိုမခေါ်တော့ဘဲ Cart လေးတွန်းလျက် သစ်သီးတန်းဘက် လျှောက်လာလိုက်သည်။ သွင်ပြင်ကြိုက်သည့် ပန်းသီးတွေရယ်၊ ပန်းသစ်တောလေးတွေရယ်ကို cart ထဲထည့်ရင်း သခွားမွှေးသီးကို လက်လှမ်းမည်ပြုတော့ အမှတ်မထင် လက်တစ်စုံနှင့် တိုက်တိုက်ဆိုင်ဆိုင်ဖြစ်သည်။

"ရဂုံ."

ဝေး စတင်နှုတ်ဆက်လိုက်တော့ ဖြတ်ခနဲလှည့်ကြည့်လာသည့် ရဂုံမျက်နှာလေးက မပြုံးမရယ်။ မည်သို့သော မုန်းတီးကောက်ကွေ့ခြင်းတို့ မရှိဘဲ ပကတိကြည်လင်လျက်။

"ဈေးလာဝယ်တာလား"

"အင်း."

စင်တာမှာ တွေ့တာ သေချာပေါက် ဈေးလာဝယ်တာဖြစ်ပေမယ့် တခြားပြောစရာလည်းမရှိသည်ကြောင့် လောကွတ်စကားသာ ဆိုမိတော့သည်။ရဂုံက ဝေး ကျောဘက်ကို တစ်ချက်လောက်ဝေ့ဝဲကြည့်လျက်

ချစ်သောကရယ်တဲ့.. ကင်းစေလို.Where stories live. Discover now