အပိုင်း-၄

7.2K 836 68
                                    

အပိုင်း-၄

တြိဂံလုပ်ငန်းစု၏အရှိန်အဝါကတော့ မသေးလှတာအမှန်။  မြတ်ကိုမောင်တို့တစ်စုက ဝေးကို ရံဖန်ရံခါ မကြည်သလို ကြည့်တတ်ကထိုနောက်ပိုင်းတွင်ြပေမယ့် သက်သက်မဲ့ ရန်လာစတာမျိုးတို့ မရှိတော့။ဝေးသည်လည်း အတန်းတူသူငယ်ချင်းထားဖြစ်တာထက် သွင်ပြင်နှင့်ပိုလို့ ရင်းနှီးလာခဲ့ပါသည်။ယခုလည်း ထမင်းချိုင့် မယူလာဖြစ်ကြသည့်အတွက် ကျောင်းမုန့်ဈေးတန်းတွင် နေ့လယ်စာ စားချိန် နှစ်ယောက်အတူတူ ထိုင်ဖြစ်ကြသည်။

“ဒီလ အတန်းထဲမှာ အဆင့်-၁ ရတယ်ဆို”

“ဟင်..ဝေးက ဘယ်လိုလုပ်သိလဲ”

“မနေ့ညနေက ကော်ရစ်တာမှာ ချမ်းမြေ့နဲ့ ဆုံရင်း ပြောပြတာ။”

ဝေးက သွင်ပြင်နှင့်ခင်မင်သည့် ချမ်းမြေ့နှင့်ပါ မျက်မှန်းတန်းမိလျက် မေးထူးခေါ်ပြောဆိုတာထက် ပိုသည်။ သွင်ပြင့်ကို ချမ်းမြေ့နှင့်တွဲပြီး မြင်နေကြဖြစ်ပေမယ့် နေ့လယ်စာစားချိန်တွေ အားလပ်ချိန်တွေဆို သွင်ပြင်က ဝေးနှင့်သာ ရှိတာပိုများသည်။ဝေး ပုံဆွဲနေတတ်သည့်အချိန်တွေဆို ဘေးနားတွင် ငြိမ်ထိုင်နေလျက် စာဖတ်နေတာလည်းရှိသလို နေ့လယ်စာစားချိန်တွင်သာ သုံးခွင့်ရှိသည့် ဖုန်းသုံးနေတတ်တာမျိုးလည်းရှိသည်။ပြီးတော့ ဝေး၏ အင်္ကျီဒီဇိုင်းပုံတွေကိုလည်း ရံဖန်ရံခါ ကြည့်ကာ ဝေဖန်ပေးတတ်သေးသည်။

“မင်း တကယ်တော်တာပဲ ကြည့်တာနဲ့ ဉာဏ်ကောင်းမှန်းတော့သိပေမဲ့”

“ဝေး လည်း စာမှန်မှန်လုပ်လေ”

“အံမယ် လူကြီးကို ပြန်ပြီးဆရာလုပ်နေသေးတယ်”

ဝေးက မျက်မှောင်ကြုံ့လျက် ဆိုတော့ ခေါက်ဆွဲသုပ်ကို မွှေနေရင်း သွင်ပြင်ကက ရယ်သည်။ရယ်လိုက်တိုင်း နှစ်လိုဖွယ်ရှိသည်ကိုတော့ ဝေး လက်ခံရမည်ဖြစ်သည်။

“ကင်းဝေး.. ငါတို့ဒီမှာ ထိုင်မယ်နော်.. ဝိုင်းတွေ ပြည့်နေလို့”

အသံချိုချိုလေးနှင့် အနားရောက်လာသည့် စိမ့်သည် သူငယ်ချင်းကောင်မလေးတစ်ယောက်နှင့်ဖြစ်သည်။ ခွင့်တောင်းခြင်းမမည်သည့် ခွင့်တောင်းခြင်းနှင့် နှစ်ယောက်သားက ဝင်ထိုင်လိုက်ပြီးသား။ တကယ်လည်း ဒီနေ့မှ ကျောင်းသားအားလုံး ထမင်းချိုင့်မပါကြသလားထင်ရလောက်အောင် food court လေးက ပြည့်နေတာမို့ ဝေး လည်း ဘာမှမပြောတော့။

ချစ်သောကရယ်တဲ့.. ကင်းစေလို.Where stories live. Discover now