အပိုင်း-၉
ဖြည်းဖြည်းချင်းပွင့်လာပြီးသည်တောင်မှ ပြန်မှိတ်ချင်နေသည့် မျက်လုံးတွေကို ဝေး အသိစိတ် ပြန်စုစည်းကာ အိပ်ရာက နိုးတော့သည်။ ပတ်ဝန်းကျင်ကိုကြည့်လိုက်တော့ ဝေး အခန်းထဲတွင်ရောက်နေပြီဖြစ်၏။ ရုတ်ခြည်းဆို ရုတ်တရက် ထထိုင်လိုက်မိသည်။မနေ့က သူ ဆိုဖာပေါ်မှာ အိပ်ပျော်သွားခဲ့သည်ထင်တာပဲ. ဘယ်လိုလုပ် အခန်းထဲပြန်ရောက်နေတာလဲ။
သွင်ပြင်ကများ..။"ဟား..."
သံရှည်ဆွဲကာ စိတ်ပျက်လက်ပျက်ညည်းညူမိတော့သည်။ သူကလည်း တစ်ယောက်လုံး၏ချီမခြင်းခံလာရသည် တောင် မနိုးသည့်အထိ ဘယ်လောက်တောင်များ အအိပ်မက်နေခဲ့ရပါလိမ့်။ပြီးတော့ ယောကျာ်းလေးတစ်ယောက်က ပွေ့လာတာ။
ဆက်ထိုင်နေလို့မဖြစ်ဘဲ တိုင်ကပ်နာရီကိုလှမ်းကြည့်လိုက်တော့ ၈နာရီထိုးလုနေပြီဖြစ်သည်။ ချက်ချင်း အိပ်ရာမှထကာ ရေချိုးခန်းဝင်သန့်ရှင်း ရေမိုးချိုးလျက် အဝတ်အစားလဲပြီးမှသာ အခန်းထဲမှ ပြန်ထွက်လာခဲ့လိုက်သည်။ သွင်ပြင်က ပြန်သွားလောက်ရော.ပေါ့ ဆိုသည့် အတွေးမဆုံးခင် ရုံးခန်းထဲတွင် သူ့ကိုမြင်တော့ လှမ်းပြုံးပြလာသည့် သွင်ပြင်။
"နိုးပြီလား ဝေး. လာ. မနက်စာ ပြင်ထားတယ်။ ဒီနားက ဆိုင်ကပဲ သွားဝယ်လာတာ. ပုဇွန်ထမင်းကြော်ဝယ်လာတယ် ဝေး..ပြီးတော့ ကော်ဖီပူပူလေးတစ်ခွက်ရယ်.."
သွင်ပြင်က ဝေး အလုပ်လုပ်သည့် စားပွဲနှင့် ဧည်သည်တွေနှင့် စကားပြောသည့် စားပွဲတွေမှာ အစားအသောက်ကို မခင်း။ ဝေး စားသောက်နေကျ စားပွဲဝိုင်းလေးတွင် တစ်သျှူးဘူးနှင့် ဇွန်းခက်ရင်းဘူးလေးတင်ထားသည်ကို ကြည့်ပုံရပြီး ထိုစားပွဲပေါ်တွင်သာ မနက်စာ ခင်းကျင်းထားသည်မို့ အကဲခတ်မြန်သည့် သူ့ကို တစ်ချက်ချီးကျူးရသေးသည်။
"ပြန်သွားပြီထင်နေတာ..ဟင်..အဝတ်အစားတွေတောင်လဲပြီးပြီ."
သွင်ပြင်က မနေ့က ဝေး၏အဝတ်အစားတွေနှင့်မဟုတ်တော့။ ဘောင်းဘီရှည်အဖြူ ရှပ်လက်တိုအနက်နှင့် စမတ်လည်းကျသလို ပေါ့ပေါ့ပါးပါးလည်းဖြစ်နေသည်။
YOU ARE READING
ချစ်သောကရယ်တဲ့.. ကင်းစေလို.
Romanceအချစ်မှာ သောကတို့ ကင်းဝေးစေချင်ပေမဲ့ ချစ်သော ဒီသောကကင်းဝေး နဲ့တော့......