အပိုင်း-၈

6.7K 809 43
                                    

အပိုင်း-၈

ရဂုံနှင့် ညစာ စားပြီး ပြန်ထွက်လာချိန်တွင်‌တော့ ၇ နှစ်နာရီ ကျော်နေခဲ့ပြီဖြစ်သည်။နှစ်ယောက်စလုံးက ကိုယ့်ကားကိုယ်နှင့်လာကြတာမို့ အပြန်ကျတော့လည်း တစ်ယောက်တစ်လမ်းစီဖြစ်သည်။ ဝေးကတော့ အိမ်ဘက် မပြန်ချင်သေးတာကြောင့် ဆိုင်ဘက်ကိုသာ မောင်းလာခဲ့သည်။ ဒီညတော့လည်း ဒီမှာပဲ မိုးလင်းဖြစ်မည်လားမသိ။ My Way Design House လေးက လမ်းမကြီးကနေတော့ အနည်းငယ်ဝင်သွားရသည့် လမ်းထဲမှာဖြစ်ကာ ဒီလမ်းတစ်လျှောက်ကတော့ စားသောက်ဆိုင်၊ စတိုးဆိုင်၊ကော်ဖီဆိုင်တွေနှင့် တော်တော်လေးလည်း နာမည်ရ စည်ကားသည့်လမ်းလေးလည်းဖြစ်သည်။

ကားလေးကို ဆိုင်ရှေ့မှာပင် ထိုးရပ်လိုက်ကာ ကားပေါ်မှ ဆင်းလိုက်သည်။ခုထိ လှုပ်ရှားသွားလာနေသည့် လူတွေလည်း ရှိကြသည့်အပြင် ဝေး သောက်နေကျဖြစ်သည့် ကော်ဖီဆိုင်လေးကို လှမ်းကြည့်လိုက်တော့ ဖွင့်သေးတာမို့ ရှစ်နာရီထိုးအတိမှ ပိတ်တတ်သည့်ဆိုင်လေးကြောင့် နာရီမကြည့်ဘဲနှင့်တောင် ရှစ်နာရီ မထိုးသေးမှန်း သိလိုက်သည်။ဆိုင်ထဲအရင်ဝင်လိုက်ပြီးမှ အပြင်ပြန်ထွက်ဖို့ပဲ စိတ်ကူးလိုက်သည်ကြောင့် ဆိုင်ခန်းတံခါးလိတ်၏ သော့ကို ဖွင့်ရန်ပြင်လိုက်သည်။

“ဝေး.!”

ထိုအမည်နာခေါ်သံကြောင့် လှည့်မကြည့်ရသေးပါဘဲ လူက မတ်ခနဲဖြစ်သွားသည်။သောကကင်းဝေးဆိုသည့် နာမည်ကို ဝေး ပတ်ဝန်းကျင်က လူတွေထဲမှာ ထိုသို့ခေါ်တတ်သည့် လူက တစ်ယောက်ထဲရယ်။ ဘာကိုမှန်းမသိ ဝေခွဲမရသည့်စိတ်တွေနှင့် ဝေး နောက်လှည့်ကြည့်လိုက်တော့ လက်ထဲက သော့ကလေးက မြေပေါ်သို့ ကျဆင်းသွားရတော့သည်။

ဝေးကို နှစ်နှစ်ကာကာအပြုံးတွေနှင့် ပြုံးပြနေသည်ကြောင့် မြင်နေကျ မထင့်တထင် ညာဖက်ပါးချိုင့်လေးက ပေါ်လာနေသေးသည့် သွင်ပြင်..။

အနောက်တိုင်းကုတ်အင်္ကျီကို လက်မှာပဲဖြစ်သလိုကိုင်ထားပေမယ့် စတိုင်ကျကာ မိမိုက်နေသည်မှာ ကိုးတန်းကျောင်းသားတုန်းကအတိုင်း။ဝေးဆီကို လျှောက်လာသည်အထိ ဒီအတိုင်းရပ်ကြည့်နေမိသည်။

ချစ်သောကရယ်တဲ့.. ကင်းစေလို.Where stories live. Discover now