အပိုင်း-၁၃
“ဘာလို့ အဘက်ဘက်ကနေ ဖြစ်နေမှန်းကိုမသိပါဘူး”
မနက်စာဝိုင်းတွင် ဦးနေမောင်ထံမှ ညည်းညည်းညူညူထွက်လာသည့် အသံကြောင့် ဒေါ်မျိုးမမ ခေါင်းထောင်သွားသည်။ စိမ့်ကတော့ ကုမ္ပဏီမှာလုပ်ကိုင်နေသူမို့ အခြေအနေကိုသိပြီးသား။
“ဘာဖြစ်လို့လဲ ကိုမောင်။”
“လုပ်ငန်းတွေ ခုတလော ဘာမှကိုအဆင်မပြေချင်ဘူး။ ပန်းရဂုံ့တို့နဲ့ဆက်စပ်နေတဲ့လုပ်ငန်းတွေက အဆင်ပြေနေလို့တော်သေးတယ်။ ခုက လင်းစေကုမ္ပဏီနဲ့ ဖြစ်နေတာ။ အဲ့ကုမ္ပဏီနဲ့ ပူးပေါင်းလုပ်ဖို့ရှိတဲ့ကိစ္စမှာ ငါတို့ဘက်က မန်နေဂျာက မလိမ့်တပတ်လုပ်လိုက်တော့ ပြဿနာတက်နေတာကွာ။ အဲ့မန်နေဂျာကလည်း ရှောင်နေတာ ခုထိ ရှာလို့မတွေ့သေးဘူး”
“ဘုရားရေ.!! ဟို လင်းစေလုပ်ငန်းစုဆိုတဲ့ အုပ်စုလား”
ဒေါ်မျိုးမမ ရင်ဘတ်ဖိမိတော့သည်။သူတို့စားသောက်ကုန်လုပ်ငန်းမှာ လင်းစေ ဆိုသည့် အုပ်စုက မည်မျှပင် လွှမ်းမိုးမှုအားကြီးလိုက်သလဲ။ ဒီနိုင်ငံ၏အချမ်းသာဆုံးအုပ်စုစာရင်းဝင်တွေဖြစ်သည့်အပြင် စားသောက်ကုန်လုပ်ငန်း တင်မက အခြားလုပ်ငန်းပေါင်းများစွာပါ လည်ပတ်နေသည့် အုပ်စုကြီးမို့ လင်းစေကုမ္ပဏီမှ ဦးထွန်းလင်းစေဆိုသည့် ဥက္ကဌဆိုပါလျှင် စီးပွားရေးနယ်ပယ်တွင် မသိသည့်သူမရှိ။
“အင်း ပမဏက နည်းနည်းများတော့ ငါတို့ကို အချိန်ပေးထားတာ။ အဲ့မန်နေဂျာကိုလည်းရှာရဦးမှာ။တောက် !! လူယုံသတ်လို့သေတာကွာ”
ဦးနေမောင်က ကြိတ်မနိုင်ခဲမရ။ ပြန်လည်ပေးလျော်ရမည့်ပမာဏက မနည်းလှကာ ကိုယ် သုံးစွဲပစ်လိုက်တာမျိုးလည်း မဟုတ်။ လူယုံမန်နေဂျာကိုတွေ့လျှင် တစ်နည်းနည်းနှင့် လင်းစေအုပ်စုနှင့် တိုက်ရိုက်တွေ့ကာ ဖြေရှင်းကောင်း ဖြေရှင်းနိုင်မှာမို့ ရှာဖွေနေရပေမယ့် ခုထိက မတွေ့သေး။
“ဒါဆို ဘယ်လိုလုပ်ကြမလဲ ကိုမောင်။ ရင်တွေထိတ်လိုက်တာရှင်။ဟို.. တစ်ခုခုလိုအပ်ရင်လည်း ကင်းဝေးရဲ့ ဆိုင်ကို.”
YOU ARE READING
ချစ်သောကရယ်တဲ့.. ကင်းစေလို.
Romanceအချစ်မှာ သောကတို့ ကင်းဝေးစေချင်ပေမဲ့ ချစ်သော ဒီသောကကင်းဝေး နဲ့တော့......