အပိုင်း-၂၅

6.2K 749 17
                                    

အပိုင်း-၂၅

“သားအချစ်.မြေးအနှစ်ဆိုတာသိပ်မှန်တာပဲ အဖေတို့များ.။ ရောက်နေတာတောင် မပြောဘူးဗျာ.”

ဦးထွန်းလင်းစေက တဗျစ်ဗျစ်တတောက်တောက် ပြောနေပေမယ့် ဦးသီဟကတော့ ကော်ဖီတစ်ခွက်ကို အေးအေးဆေးဆေးမော့သောက်လိုက်၊ ကွတ်ကီးချပ်လေးတွေ စားလိုက်နှင့်ပင်။ရောက်ပြီး သုံးလေးရက်လောက်ကြာမှ အံ့မော်ဆီ ဖုန်းဆက်ဖြစ်ရင်း ဖခင်ရောက်နေခြင်းကို သိရသည်။ဖုန်းဆက်ကာ လာတွေ့ဖို့လုပ်တော့ တစ်အိမ်သားလုံး လာလျှင် မြေးဖြစ်သူတို့ စုံတွဲ အနေခက်မည်စိုးသဖြင့် သူကိုယ်တိုင် အိမ်ကိုရောက်လာ၏။

“စကားများလိုက်တာ ထွန်းလင်းရာ..မင်းအရင်က ငါ့ကိုအဲ့လိုတွယ်ကပ်မနေတတ်ပါဘူး. ဘာလဲ အသက်ကြီးသွားလို့လား”

ပြောပြီး ဘာသာသဘောတကျရယ်နေသည့် ဦးသီဟက သားဖြစ်သူဘေးတွင် ယှဉ်တွဲထိုင်ကာ ပြုံးရိပ်ဆင်နေသည့် ဒေါ်ချိုသာဦးကိုပါကြည့်သည်။

“အဖေ နေ့လယ်စာလည်း ဒီမှာပဲ စားသွားပါနော်။ဟင်းတွေ တစ်ခါတည်း ချို ချက်ထားပြီးသားပါ”

“အေး..စားတာပေါ့”

ဦးသီဟက အသာတကြည်လက်ခံတော့ ဒေါ်ချိုသာဦး ပျော်ရွှင်သွားခဲ့သည်။သူတို့လက်ထပ်ကတည်းက ဦးသီဟက ဆိုးသည် ကောင်းသည်မပြောခဲ့ပါ။ သွင်ပြင်၏ဆုံးပါးသွားခဲ့ပြီဖြစ်သည့်မိခင်၊ သူမ အစ်မကိုလည်း လက်ခံကြည်ဖြူသလို သူမကိုလည်း မကန့်ကွက်ခဲ့။သွင်ပြင် စိတ်ညိုညင်ကာ ထွက်သွားတော့လည်း ခေါ်ထားပေးခဲ့ကာ ပြုစုပျိုးထောင်ပေးခဲ့သည် အဘိုးဖြစ်သည်။ သူမသားဖြစ်သူ ရှိန်းဇေကိုလည်း ရင်းရင်းနှီးနှီးလည်း ဆက်ဆံပေးသည်။

စကားတွေ တောင်စဉ်ရေမရ ပြောဖြစ်ကြသလိုစီးပွားရေးအကြောင်းတွေလည်း ပြောကြရင်း နေ့လယ်အချိန်က ခဏလေး နှင့်ရောက်လာသည်။ ဒေါ်ချိုသာဦးကိုယ်တိုင်ချက်ပြုတ်သည့် ဟင်းလျာတွေကလည်း အမယ်စုံသလို အရသာလည်းရှိလှတော့ မြန်မာထမင်းဟင်းကောင်းကောင်းနှင့်‌ ဝေးနေသည့် ဦးသီဟအတွက်တော့ အတော်ပင် ခံတွင်းတွေ့လှသည်။

“ဒါနဲ့ မင်း.. သွင်ပြင့်အိမ်သားကို တွေ့ပြီးပြီလား”

“အဲ့ကလေးကို ဧည့်ခံပွဲတစ်ခုမှာတော့ ဖြတ်ခနဲတော့ တွေ့လိုက်တယ်။သေချာမျက်နှာချင်းဆိုင်တော့ မတွေ့ရသေးဘူး။ ဒီကြားထဲ သိပ်မအားတာရယ်၊သူတို့အေးဆေးနေရအောင်ရယ်ပါ။ တွေ့ဖို့တော့ အစီအစဉ်ရှိတယ်။ သွင်ပြင်ကလည်း ယူပြီးကတည်းက အိမ်ကို တစ်ခါမှခေါ်မလာဘူး”

ချစ်သောကရယ်တဲ့.. ကင်းစေလို.Where stories live. Discover now