အပိုင်း-၁၀

6.6K 746 40
                                    

အပိုင်း-၁၀

ဝေး လာခေါ်ခိုင်းသည့်နေရာက မြို့နှင့်အနည်းငယ်လှမ်းသည့် နေရာက အထည်စက်ရုံ ဖြစ်သည်။ သွင်ပြင် ကားက စက်ရုံနားက တစ်နေရာကိုရောက်တော့ ဝေးကို ဖုန်းဆက်လိုက်သည်။ ဆက်သွယ်မှု ဧရိယာပြင်ပချည်းပဲ နှစ်ခေါက်လုံး ရောက်နေသည်ကြောင့် သွင်ပြင် ကားပေါ်မှာပဲ ခဏစောင့်နေလိုက်၏။ နေ့လယ် ၂ နာရီ ထိုးကွက်တိဖြစ်သည်နှင့် ကားပေါ်မှ ဆင်းကာ စက်ရုံဂိတ်က အစောင့်ဦးလေးကြီးကို အကျိုးအကြောင်းမေးမြန်းလိုက်သည်။My Way Design House က တာဝန်ရှိသူများက စက်ရုံထဲမှ ထွက်သွားပြီဟု ပြောတော့ သွင်ပြင် ကားနားသာ ပြန်လာရင်း ဖုန်းထပ်ခေါ်လိုက်ပြန်ပါသည်။

“ဒီနားမှ လိုင်းလည်းမိပါတယ်။ ဝေး ဘာဖြစ်လို့ပါလိမ့်”

တီးတိုးရေရွတ်လျက် ကားထဲဝင်ကာ ဆက်စောင့်သည်။ ၂ နာရီခွဲတော့ ဖုန်းဝင်လာပါသည်။ ခပ်မြန်မြန်ကိုင်လိုက်ပေမယ့် မျှော်နေသူထံမှတော့ မဟုတ်။

“ကိုသွင်…လေးနာရီကျ meeting  တစ်ခု ရှိပါတယ်.”

အံ့မော် ဆက်လာတော့ သူ လက်ကနာရီကို တစ်ချက်ကြည့်လိုက်သည်။

“ခဏ ရွှေ့ထားလိုက်ရင်ရော.”

“ဗျာ.. meeting က သိပ်တော့မကြာပါဘူး..ရွှေ့လို့မဖြစ်ဘူးထင်တယ် ကိုသွင်။ဧည့်သည်ကလည်း ပြီးတာနဲ့ flight နဲ့ တန်းပြန်မှာမို့လို့ပါ”

သွင်ပြင့်ထံမှ အလုပ်နှင့်ပတ်သက်လျှင် ရွှေ့ဆိုင်းဆိုသည့် စကားမျိုးမကြားဖူးသည်ကြောင့် အံ့မော်က အံ့ဩသွားခဲ့သည်။

“အိုခေ.. ကိုယ်. ဖုန်းထပ်ဆက်လိုက်မယ်”

သူ ဖုန်းအရင်ချလိုက်သည်။ ဝေး ဘက်မှ ပထမဆုံး ချိန်းဆိုမှုပဲဆိုပါတော့။ ဒီလိုမျိုးကို သူ မပျက်ချင်.. အချိန်က ၂ နာရီကို ခွဲကျော်နေပြီဖြစ်ပေမယ့်.။ထပ်မံဝင်လာသည့် ဖုန်းကြောင့် ခေါ်ဆိုသူကို ကြည့်ကာ သူ အလျင်အမြန်ကိုင်လိုက်သည်။

“ဝေး.. ဘယ်မှာလဲ”

“သွင်ပြင်..စက်ရုံရောက်နေပြီလား.. ငါ ဖုန်းဆက်သေးတယ်..လိုင်းက လုံးဝမမိတော့လို့လေ။ ငါ မြို့ပြင်ဘက် ခဏသွားတာ။”

ချစ်သောကရယ်တဲ့.. ကင်းစေလို.Where stories live. Discover now