အပိုင်း-၃

7.5K 885 94
                                    

အပိုင်း-၃

“ဝေး..”

လမ်းလျှောက်သွားနေစဉ် နောက်နားဆီကထွက်ပေါ်လာသည့်အသံကြောင့် ဝေး လှည့်ကြည့်လိုက်မိသည်။ သူ့ထက် တစ်တန်းငယ်ပါသော်လည်း လူကြီးလုပ်ချင်သည့် ကောင်လေး။သွင်ပြင်က ဘေးနားထိုးရပ်ထားသည့် ကားဆီမှ လျှောက်လာခြင်းဖြစ်သည်။ ဝေးကိုမြင်တော့ သူ့မူပိုင်အတိုင်း နှစ်လိုစွာ ပြုံးပြလာပါသော်လည်း ဝေး ကပုံမှန်ပင်။

“ကျွန်တော်နဲ့ အတူတူသွားရအောင်”

“ရပြီ.ငါလမ်းလျှောက်သွားနေကျပါ”

“လမ်းတူနေတာပဲကိုး။ ကျွန်တော်လည်း ဒီလမ်းကနေ အမြဲလာနေကျလေ။ အတန်းချိန်မတူတဲ့နေ့တွေကျ သပ်သပ်စီသွားကြမယ်။ဝေးကိုမြင်ရဲ့သားနဲ့ ကျွန်တော်ကတော့ ဒီတိုင်းကြီး ကျော်မသွားနိုင်ဘူးဗျာ”

သွင်ပြင်က အမှန်ပင် ခပ်ကတ်ကတ်ပင်။ဝေးကို ခင်မင်ရင်းနှီးချင်ကြောင်းပြပေမဲ့ သူ့စကားတွေကို မငြင်းနိုင်အောင်ကလည်း ပြောသေးသည်။

“လာပါ. ဝေး ကျောင်းနောက်ကျမှာနော်။ ဒီနေ့ အတန်းချိန်စောတယ်မလား”

ဝေး အံ့ဩသွားကာ သူ့ကိုကြည့်လိုက်တော့ သွင်ပြင်က အပြုံးနှင့် ရှိနေဆဲ။ ဝေး အတန်းချိန်ကို သူဘယ်လိုလုပ် သိတာလဲတဲ့။

“ကင်းဝေး”

ဝေးတို့နှစ်ယောက်ဘေးနားသို့ ရှောခနဲရပ်လာသည့် ကား၏နောက်ခန်းကနေ စိမ့်က ပြုံးပြလာသည်။အခါတိုင်း မြင်လျှင်ပင် လျစ်လျူရှုသွားတတ်သည့် သူမက ခုတော့ စိတ်လိုလက်ရနှင့် ကားတောင်ရပ်ခေါ်နေသေးသည်။

“လာလေ..ကားပေါ်တက်.”

ဝေးထံတွင် အကြည့်တစ်ချက်သာပေးပြီး သွင်ပြင့်ကို ကြည့်ကာ ပြုံးပြနေသည့် စိမ့်ကို သွင်ပြင်က ပြန်တော့ ပြုံးပြပါသည်။ သို့သော် စောစောက ဝေးကို ပြုံးပြနေသည့်  စိတ်လိုလက်ရအပြုံးနှင့် ဘာမှမဆိုင်တာကို ဝေး တောင် ခံစားမိသည်။

“ရပြီ။ငါ သူနဲ့သွားမှာ”

ထိုမျှသာ ဆိုလျက် ဝေး ရှေ့ကနေ ဦးအောင်ထွက်တော့ သွင်ပြင်က ချက်ချင်းကပ်ပါလာသည်။စိမ့် လိုက်လာသည့် ကားလေးက ပြန်မောင်းထွက်သွား၏။ကားမောင်းသည့်အစ်ကိုကတော့ ထုံးစံအတိုင်း ကားထဲမှာ စောင့်မနေဘဲ ကားအပြင်ဘက်တွင် ရပ်စောင့်နေကာ သွင်ပြင်နှင့် ဝေး ကားထဲကို ဝင်ပြီဆိုကာမှ သူက မောင်းထွက်သည်။

ချစ်သောကရယ်တဲ့.. ကင်းစေလို.Where stories live. Discover now