အပိုင်း-၂၃

6.4K 747 29
                                    

အပိုင်း-၂၃

ခြံထဲက ခုံတန်းတွင် ထိုင်နေရင်း သွင်ပြင့် ကားအလာကိုမျှော်နေမိသည်။ ညနေဆိုင်ကပြန်လာပြီးကတည်းက အဖျားပါတက်လာသော ဝေးကို အိမ်ရောက်တော့ ဦးသီဟက မိသားစုဆရာဝန်ကိုပင့်ခေါ်ကာ ဆေးထိုးစေခဲ့သည်။ ခု ဦးသီဟ အခန်းထဲဝင် အနားယူသွားပြီမို့ ဝေး အခန်းထဲမှ ထွက်ကာ အပြင်ထွက်လာခဲ့ခြင်းပင်။မိနစ်တွေ အများကြီး စွန်းသွားပြီးသည့်အခါမှ ကားတစ်စီးက ထိုးဝင်လာသည်။ ကားမောင်းသူဘက်ခြမ်းကနေ အံ့မော်ထွက်လာပြီး တစ်ဖက်ခြမ်းမှ သွင်ပြင်က ထွက်လာသည်။ ဝေး ထိုင်နေရာမှ မတ်တပ်လေးထရပ်မိသည်။ သွင်ပြင်က ဝေး အားမြင်ပုံမပေါ်သေး။ အံ့မော်ကို စကားပြောနေခြင်းကို အံ့မော်က ဂရုတစိုက်နှင့် ခေါင်းတညိတ်ညိတ်။

အလုပ်စကားပြောနေပုံရသည့် သွင်ပြင်က မျက်နှာတည်ကြည်နေကာ မျက်လုံးတို့ စူးနက်လျက် ခေါင်းတညိတ်ညိတ်။ အံ့မော်ကားထွက်သွားတော့မှ ပန်းခြံလေးဘက် အကြည့်ရောက်လာမိသည့် သွင်ပြင်က အံ့ဩသွားကာ အနားကို လွှားခနဲရောက်လာတော့၏။

"နောက်ကျနေပြီ ဝေး အနားမယူသေးဘူးလား"

ဝေးကို အနားယူဖို့ ပြောနေသည့် သွင်ပြင် မျက်နှာက နွမ်းနယ်နေဆဲ။ ရှပ်အနက်ကို အပေါ်ကြယ်သီး ၂လုံးလောက် ဖြုတ်ထားကာ ဇီးရောင်စတိုင်ပန်နှင့် သွင်ပြင်သည် ချောမောခန့်ညားခြင်းတို့အပြည့်။ ဝေးကို စိုးရိမ်နေသည့် အကြည့်တွေက ထုံလွှမ်းနေကာ နဖူးပေါ်ကို လက်တင်လာသည်။

"အဖျားနည်းနည်းရှိနေတယ်ထင်တယ်။ဆရာဝန်နဲ့ ပြထားလား။ အပေါ်ထပ်အပါးလေးနဲ့ ဝေး ရယ်. ဘာလို့ အပြင်မှာ နေ နေတာလဲ"

"မင်းကိုစောင့်နေတာ"

"ဗျာ.. ကျွန်တော့်ကို"

မထင်ထားသည်ကြောင့် သွင်ပြင်က အံ့အားတသင့်ဖြစ်သွားသည်။ သူ နဖူးပေါ်လက်တင်စမ်းတော့လည်း ကြည်ကြည်သာသာနှင့် ဝေးက မျက်နှာလေးလည်း နည်းနည်းနီမြန်းနေကာ အကြည့်တွေကတော့ အခါတိုင်းလို မစူးရှ။

"အင်း. ငါ သိချင်တာတွေရှိလို့"

"အိုခေ။ဒါဆိုလည်း ဝေး အခန်းထဲမှာ ပြောကြမယ်။ လာ.."

ချစ်သောကရယ်တဲ့.. ကင်းစေလို.Where stories live. Discover now