အပိုင်း-၂၈

8K 741 43
                                    

အပိုင်း-၂၈

ဦးသီဟ အခန်းထဲမှ ထွက်လာခဲ့တော့ ဧည့်ခန်းတွင် ရပ်စောင့်နေသည့် မြေးဖြစ်သူစုံတွဲက လက်ချင်းချိတ်လျက် ဖြစ်သည်။မျက်ခုံးပင့်ကာပြုံးပြလိုက်တော့ ဝေးက ရှက်သွားပုံရကာ လက်ကို ဖြုတ်ဖို့ပြင်ပေမယ့် သွင်ပြင်က လွှတ်မပေးဘဲ ပိုလို့တောင် တင်းကျပ်စွာဆုပ်ကိုင်ထားလိုက်သေးသည်။

“ကြည့်ရတာ အဆင်ပြေပုံပဲဟေ့..။ဘိုးဘိုး မပြန်ခင် ဒီလိုမြင်ရတာ သိပ်ကျက်သရေရှိသကွယ်”

“ကျွန်တော်က မပြန်စေချင်သေးတာကို”

“ပြန်ရမယ် သွင်ပြင်ရဲ့။ ဟိုမှာလုပ်စရာလေးလည်း ရှိသလို အဲ့ဒါကပဲ ဘိုးဘိုးအိမ်ဖြစ်နေတော့ ပြန်ချင်ပြီ။မင်းလည်း အလုပ်အားအောင်လုပ်ပြီး ကင်းဝေးနဲ့ တူတူလာလည် ဟုတ်ပြီလား”

ဝေးကို တစ်ချက်ငဲ့ကြည့်လိုက်သေးသည့် သွင်ပြင်က ခေါင်းညိတ်ပြသည်။ဘိုးဘိုးကို  နှစ်ယောက်လုံး အတူတူ လေဆိပ်လိုက်ပို့ပေးသည်။ ဟိုရောက်တော့ ဦးထွန်းလင်းစေတို့ ပါ ရှိနေသည်ကို တွေ့လိုက်ရ၏။

“လာတုန်းကလည်း မပြောလို့ မင်း..ဒယ်ဒီက ရစ်နေတာလေ။ ပြန်တော့ ပြောရတာပေါ့ကွာ “

ဦးသီဟက အပြုံးစွက်လျက် ဆိုသည်။ ဘယ်လိုပဲဖြစ်ဖြစ် ဦးထွန်းလင်းစေသည် ဦးသီဟ၏သားအရင်းဖြစ်သည်ကြောင့် ဖခင်နှင့်သားဆက်ဆံရေးက မချစ်ခင်ဘဲမနေ။

“တော်သေးတာပေါ့နော် အဖေက ပြန်မယ့်ရက်တော့ ပြောပြလို့။ ချိုနဲ့ ရှိန်းဇေကလည်း လိုက်ချင်နေတာနဲ့ ခေါ်လာလိုက်တာ”

ဦးထွန်းလင်းစေက သွင်ပြင်တို့နှစ်ယောက်ကို တစ်ချက်လှမ်းကြည့်သည်။ဒေါ်ချိုသာဦးကလည်း အပြုံးချိုချိုလေးနှင့် ရှိနေသလို ပုံမှန်ထက် ပိုနီးကပ်နေသည်ဟု ထင်ရသည့် သူတို့နှစ်ယောက်ကို ရှိန်းဇေက ပြုံးစိစိဖြင့် ကြည့်လာသေးသည်။

“လူစုံတက်စုံ လိုက်ပို့ကြတာ ကျေးဇူးတင်သပကွာ။ နောက်..မင်းတို့မိသားစုလည်းကနေဒါကို လာခဲ့ကြဦး”

“လာခဲ့မယ်. အဖေလည်း မကြာမကြာ လာလည်ဦး။တစ်ခုခုဆိုလည်း ပြောဦးနော်”

ချစ်သောကရယ်တဲ့.. ကင်းစေလို.Where stories live. Discover now