အပိုင်း-၂၂
ကားရပ်လျက် အိမ်ထဲဝင်လာခဲ့သည်ဆိုလျှင်ပဲ ဧည့်ခန်းထဲတွင် ဧည့်သည်ရှိနေသည်ကို သတိထားမိလိုက်သည်။ ဝေး မျက်ခုံးလေးတွေ ပင့်တက်သွားရကာ..
“ဘိုးဘိုး”
“မှတ်မိရဲ့လား မြေး”
ဧည့်ခန်းတွင်ထိုင်နေသူက ဆီးကြိုနှုတ်ဆက်လာသည်။ အင်္ကျီအဖြူ၊ပုဆိုးအနက် ဝတ်ထားသည့် ဦးသီဟက ဦးခေါင်းထက်တွင်တော့ ဖြူနေပြီဖြစ်သည့် ဆံနွယ်တို့နှင့် ဝေးကို ပြုံးပြနေသည်။ စိတ်ထဲ နွေးထွေးသွားရကာ အမြန်လျှောက်လာမိတော့သည်။
“မှတ်မိတာပေါ့ ဘိုးဘိုးရယ်။ဘယ်တုန်းကရောက်တာလဲဗျာ။သွင်ပြင်က လာမကြိုဘူးလား”
“ဘိုးဘိုး မပြောရသေးဘူး။ သူ့ကို surprise ဖြစ်စေချင်လို့လေ။ရုံးက ပြန်လာမှ သိပါစေ’
ဦးသီဟဘေးတွင် ကပ်ထိုင်လိုက်တော့ ဝေး ခေါင်းလေးကို ပုတ်ပေးလာသည်။ ဒီနေ့လယ် ဝေးက သိပ်နေမကောင်းချင်၍ ပြန်လာခဲ့တာ ဘိုးဘိုးနှင့် တန်းတိုးသည်။ သွင်ပြင်က မနက်ကတည်းက အလုပ်များနေသည့် အကြောင်း ဝေးကို စာပို့ထားခဲ့ကာ နေ့လယ်စာထမင်းလည်း အတူမစားဖြစ်ခဲ့။ ဆိုင်ကနေ ပြန်မည့်အကြောင်းလည်း ဝေး သူ့ကို အသိမပေးခဲပါ။
“နေ့လယ်စာရော ဘိုးဘိုး စားပြီးပြီလား”
“မစားရသေးပါဘူး.စောစောကမှ ရောက်တာ မသီက ချက်နေတယ်ထင်တယ်”
လူချောက ဦးသီဟအတွက် သံပုရာရည်ဖန်ခွက်ကလေး ယူလာပေးသည်။ ဦးသီဟနှင့်အတူတူယှဉ်တွဲထိုင်နေသည့် ဝေးကိုလည်း ပြုံးပြလာသေးကာ
“အစ်ကိုလေးကင်းဝေး.ရော သံပုရာရည်လေး သောက်မလား ကျွန်တော်ဖျော်လိုက်မယ်’
“မသောက်တော့ဘူး လူချော.လုပ်စရာရှိတာ လုပ်ပါ”
လူချော ပြန်ထွက်သွားမှ ဦးသီဟက ဝေးဘက်ကိုလှည့်ကြည့်သည်။သဘောတကျဖြစ်နေသည့် အကြည့်တွေကို ဝေး သေချာလေး ခံစားရမိသည်။
“သွင်ပြင်က တကယ် သူ ချစ်တဲ့သူကို ပိုင်ဆိုင်ခွင့်ရခဲ့တာပဲ။ ပိုင်ဆိုင်ခွင့်ပေးလို့ မြေးကို ကျေးဇူးတင်ပါတယ်”
YOU ARE READING
ချစ်သောကရယ်တဲ့.. ကင်းစေလို.
Romanceအချစ်မှာ သောကတို့ ကင်းဝေးစေချင်ပေမဲ့ ချစ်သော ဒီသောကကင်းဝေး နဲ့တော့......