အပိုင်း-၁၉
“ဖြန်း..!!!”
ရဂုံနှင့် တွေ့သည်ဆိုပါလျှင်ပင် ဝေး လက်ခံရရှိလိုက်သည့်အရာပင်ဖြစ်သည်။ ရဂုံ့မိဘနှစ်ပါးသည်လည်း မျက်နှာ အပျက်ပျက်နှင့် ထိုင်နေကြရသည်။ ဦးနေမောင်နှင့် ဒေါ်မျိုးမမသည်လည်း ဝေး သွားမည်ဆိုတော့ လိုက်ပါလာကြသည်။လူကြီးပါလာတော့လည်း ပိုအဆင်ပြေတာမို့ ဝေးလည်း မလိုက်ခဲ့ရန် ငြင်းမနေတော့။ သွင်ပြင့်ကိုတော့ လုံးဝလိုက်မလာဖို့ မှာထားပြီးသားဖြစ်သည်။
“တောင်းပန်ပါတယ် ရဂုံ။ ငါ အလေးအနက်ကို တောင်းပန်ပါတယ်”
ပန်းရဂုံ၏မျက်နှာလေးသည် ဒေါသရောင်တို့ရင့်လျက် မျက်ရည်စအချို့လည်း ခိုတွဲနေဆဲဖြစ်သည်။
“ဖြစ်ပြီးမှ တောင်းပန်တာ ဘာမှလုပ်လို့မရဘူး ကင်းဝေး။ငါ့ဘဝမှာ ဒီလောက်ထိ တစ်ခါမှ အရှက်မကွဲခဲ့ဖူးဘူး။ စေ့စပ်ကြရအောင်လို့ ငါကများ နင့်ကို အတင်းအကျပ်တောင်းဆိုလိုက်မိလို့လား”
“မဟုတ်ပါဘူး။မဟုတ်ပါဘူး ရဂုံရယ်.ငါ…”
“နင့်ကို သွင်ပြင် ခိုးသွားတယ်ဆိုတော့ နင့်သဘောတော့ မပါနိုင်ကောင်းပါဘူးဆိုပြီး ငါမျှော်လင့်ခဲ့သေးတာ။ ပိတ်ထားတဲ့ နင့်ဖုန်းကိုလည်း ငါ အခါခါ ဆက်တယ်။နောက်ဆုံးတော့ နင်ကိုယ်တိုင်ကပါ အလိုတူအလိုပါ”
ပြောရင်းနှင့် ဖြတ်ခနဲကျလာသည့် မျက်ရည်စတွေကို ရဂုံက ခပ်ကြမ်းကြမ်းသုတ်ပစ်လိုက်ပြီးမှ သူမ လက်ထဲက ဖုန်းကို ဝေး လက်ထဲထိုးထည့်ပေးလာသည်။ ဧည့်ခန်းတွင် နှစ်ဖက်မိဘတွေက အခြေအနေကိုထိုင်ကြည့်နေသလို ဖြစ်ကာ သူတို့နှစ်ယောက်က မတ်တပ်။ဝေးမှာ တောင်းပန်ရုံမှ တစ်ပါးဖြေရှင်းစရာလည်း ရှိမနေ။ ဦးနေမောင်တို့ရှေ့မှာပင် ဝေးကိုယ်တိုင်လိုက်သွားသည့်အကြောင်း ပြောခဲ့ပြီးပြီ။
ဖုန်းကိုကြည့်မိတော့ ဝေး မျက်လုံးပြူးသွားရတော့သည်။ ဝေးတို့ဆိုင်တွင် သွင်ပြင်က ဝေးကို ငုံ့မိုးကာ ကြည့်လျက် ချောမော့နေပုံက တကယ်ကို စုံတွဲတွေအတိုင်း။ဒါEddy ဆိုသည့်အကြောင်း သိတော့ ဝေး စိတ်ဆိုးစဉ်အခါက ဖြစ်သည်။ဆိုင်နာမည်ပါအောင် ရိုက်ထားတာမဟုတ်ပေမယ့် လာနေကျဧည့်သည့်ဆိုပါလျှင် မှန်တွေကာရံထားသည့် နေရာကနေ အထဲကိုလှမ်းမြင်နေသည့်အနေအထားကိုကြည့်ပါက ဝေး မျက်နှာကို သေချာမမြင်နိုင်သည်တောင် သောကကင်းဝေးမှန်း သိနိုင်သည့်အနေအထား။
YOU ARE READING
ချစ်သောကရယ်တဲ့.. ကင်းစေလို.
Romanceအချစ်မှာ သောကတို့ ကင်းဝေးစေချင်ပေမဲ့ ချစ်သော ဒီသောကကင်းဝေး နဲ့တော့......