အပိုင်း-၇
တြိဂံ ကုမ္ပဏီ၏ အစည်းအဝေးခန်းမတွင်ဖြစ်သည်။ဘဲဥပုံစံရှည်မျောမျောစားပွဲကြီး၏ထိပ်က နေရာမှာတော့ ပိုင်ရှင်မဲ့လျက်။ တစ်ဖက်တစ်ချက်စီတွင် ဒါရိုက်တာအဖွဲ့ဝင်များက နေရာယူထားကြသည်။
“Production အဆင့်ပဲကျန်တော့တဲ့ အထည်ဒီဇိုင်းက ဘာလို့မလုပ်ဖြစ်တော့တာလဲဗျာ။”
“အေးလေ..အားလုံးစီစဉ်ပြီးကာမှ Eddy ရဲ့ စကားတစ်ခွန်းနဲ့တင် ပျက်ရတယ်လို့။ကုမ္ပဏီ ဘယ်လောက်တောင် နစ်နာလိုက်သလဲ”
“ဒါတော့ သူ့ဒီဇိုင်းကိုဗျ..သူလည်း ကုမ္ပဏီကပဲ ။ကုမ္ပဏီကို ထိခိုက်အောင်တော့ မလုပ်လောက်ပါဘူး”
“ဒါတော့ ဒါပေါ့။ Eddy ကို ခင်ဗျားတို့ရော ကျွန်တော်တို့ရော ဘယ်သူမြင်ဖူးလို့လဲ။ ဒီဇိုင်းတစ်ခုထွက်လာပြီ ဆိုတာနဲ့ အကုန် preorder နဲ့တင် sold out ကုန်လို့ ချီးမွမ်းခဲ့ကြတာ။လူကိုဘယ်တုန်းကမှလည်း မြင်ဖူးတာမရှိခဲ့ဘူး”
ခန်းမထဲတွင်တစ်ယောက်တစ်မျိုးအသံထွက်ကြသည်။လက်ခံလိုသူတွေလည်း ရှိသလို လက်မခံလိုသူတွေလည်း ရှိသည်။မည်သို့ပင်ဆိုစေကာမူ စီစဉ်မှု စနေပြီဖြစ်သည့် process တစ်ခုက တစ်စုံတစ်ယောက်၏စကားကြောင့် ရပ်ဆိုင်းပစ်လိုက်ရတော့ ရုတ်ခြည်းဆိုသလို လက်မခံနိုင်ကြ။
စေ့ထားသည့် ခန်းမတံခါးက ပွင့်လာကာ ကုမ္ပဏီယူနီဖောင်းဝတ်ဆင်ထားသည့် ခပ်ချောချောလူငယ်တစ်ယောက်က ခန်းမထဲမှ လူကြီးတွေကို ဦးညွတ်ကာ တစ်ချက်အရိုအသေပေးလျက်“ကျွန်တော်တို့ ဥက္ကဌကြီးက flight delay ဖြစ်နေလို့ အစည်းအဝေးကို အချိန်မီ မရောက်နိုင်ကြောင်း ပြောလာပါတယ်။ အခု Eddy လာပါလိမ့်မယ်ဗျ”
Eddy ကိုမြင်ရမည်ဆိုတော့ အားလုံးက ကိုယ်မတ်လျက် လှုပ်လှုပ်ရှားရှားဖြစ်ကုန်ကြသည်။ဒီနေ့အစည်းအဝေးက ဥက္ကဌကြီးနှင့် အစည်းအဝေးပွဲဖြစ်ပေမယ့် ခု မလာဖြစ်ဘဲ Eddy လာမည်ဆိုတော့ အားလုံး ကစိတ်ဝင်တစား။
“လာပါပြီ”
ဝင်ရောက်လာသူကိုကြည့်ကာ အားလုံးက အံ့ဩခြင်းတို့ ဖြစ်သွားရသည်။
ဒါ Eddy လား။
အနောက်တိုင်း ဝတ်စုံအနက်ရောင်ကိုမှ ကုတ်ကို ရင်ကွဲဝတ်ဆင်ထားကာ အတွင်းက ရှပ်အဖြူနှင့် ခပ်ရိုးရိုးပဲ ဝတ်ဆင်ထားပေမယ့် အရှိန်အဝါတစ်ခုနှင့် ချောမောသန့်စင်လွန်းလှပါသည့် ထိုလူငယ်သည် ညာဖက်ထိပ်ဆုံးက ခုံမှာ ဝင်ထိုင်လိုက်ကာ..အပြုံးတစ်ခုကို ဆင်မြန်းထားသည်။
YOU ARE READING
ချစ်သောကရယ်တဲ့.. ကင်းစေလို.
Romanceအချစ်မှာ သောကတို့ ကင်းဝေးစေချင်ပေမဲ့ ချစ်သော ဒီသောကကင်းဝေး နဲ့တော့......