အပိုင်း-၂၄
ကားထဲပြန်ထိုင်လိုက်၊ မိုးနည်းနည်းစဲသွားသည်နှင့် ကားထဲက ပြန်ထွက်ကာ ကားရှေ့ဖုံးကိုလှပ်လိုက်နှင့် အလုပ်ရှုပ်နေပုံမှာ သာမန်ပေမယ့် တစ်ဖက်ကားထဲကနေ မြင်နေရသည့် သူ့အတွက်တော့ ဘာမှန်းမသိ သက်ဝင်နေသည်။ ဒီဇိုင်နာပေမို့လားမသိ ဝတ်ထားသည့် ရှပ်က ရိုးရိုးပေမယ့် အတွန့်တွေ ကြိုးတွေနှင့်ပါ မိမိုက်နေကာ ဘောင်းဘီအညိုပွပွလေးနှင့်ပဲဖြစ်သည်။
မသိခဲ့ဘူး။ ဘာသိဘာသာနေဖြစ်ခဲ့သည့်အတောအတွင်း သွင်ပြင် ပြန်ရောက်လာသည်ကို သတိထားမိရင်းမှ သေချာအာရုံစိုက်လိုက်မိတာ။
သောကကင်းဝေးက သိပ်ကိုချောပြီး ခပ်မိုက်မိုက်လေး ဖြစ်လာတာပဲ။ သူကတော့ ငယ်ကတည်းကရန်ဖြစ်နေခဲ့တာမို့ ဒါတွေကို သတိမမူမိပေမယ့် ထိုကတည်းက သတိထားမိပုံရခဲ့သည့် သွင်ပြင်ကတော့ ခု သောကကင်းဝေးကိုတောင် ယူထားခဲ့ပြီးပြီ။
မိုးကတိတ်နေပေမယ့် ကားပေါ်ကနေ ထီးတစ်ချောင်းယူလျက် ဆင်းလိုက်ပြီး တစ်ဖက်လမ်းက ရပ်နေသည့် ကားလေးဆီ လျှောက်လာလိုက်သည်။
“အကူအညီလိုနေလား သောကကင်းဝေး”
ကားအဖုံးကိုလှပ်ကာ ဘာမှန်းမသိပေမယ့် တတ်သလောက်မှတ်သလောက်ငုံ့ကြည့်နေတုန်း နာမည်အပြည့်အစုံ ခေါ်သံကြောင့် မော့ကြည့်လိုက်သည်။ ပြုံးပြနေသည့် အပြုံးပိုင်ရှင်ကို ကြည့်ကာ ခဏမျှ စဉ်းစားလိုက်ရပေမယ့် မှတ်ဉာဏ်ကောင်းသော ဝေးက ချက်ချင်းမှတ်မိပါသည်။
“မြတ်ကိုမောင်”
“အင်း..မှတ်မိသားပဲ။”
ဝေး ခေါင်းညိတ်ပြလိုက်ပါသည်။ငယ်တုန်းက ဖြစ်ခဲ့သည့် ကိစ္စတွေကိုလည်း ဝေးက အမှတ်သညာထားမနေ။
“မတွေ့တာ တော်တော်လေးကြာခဲ့ပြီ။ မင်းက တော်တော်ကို ချောလာတာပဲ”
“ထင်လို့ပါ။ မင်းလည်း တူတူပါပဲ”
ဝတ်ကျေတန်းကျေမျှသာ ဆိုလိုက်သည်။ဝတ်စားထားသည်က သပ်သပ်ရပ်ရပ်ပဲဖြစ်ကာ အရပ်လည်းရှည်လာသည့် မြတ်ကိုမောင်က ချောလားမချောလာ လားတော့ ဝေးလည်း မသိပါ။ ဝေး မျက်လုံးထဲတွင်တော့ ခုထိ မြင်ဖူးသမျှထဲတွင် သွင်ပြင့်လောက် ချောကာ ခန့်ညားသည့် အမျိုးသားကို မတွေ့ဖူးပါချေ။
YOU ARE READING
ချစ်သောကရယ်တဲ့.. ကင်းစေလို.
Romanceအချစ်မှာ သောကတို့ ကင်းဝေးစေချင်ပေမဲ့ ချစ်သော ဒီသောကကင်းဝေး နဲ့တော့......