အပိုင်း (၄၄)

296 12 1
                                    

နှလုံးသားဖြင့်ရစ်ပတ်ဖွဲ့နှောင်၍...
အပိုင်း (၄၄)

ရရက Hot Pot.စားချင်တယ်ဆို၍ ကုမ္ပဏီကအပြန်ရောက်ရောက်ချင်း ရေချိုးအဝတ်စားလှဲကာ စားနေကျစားသောက်ဆိုင်ကိုလိုက်ပို့ပေးရသည်။ သူ့နှလုံးသားရဲ့အသဲအသက်ကလေးကတော့ သူပြန်မရောက်ခင်ကတည်းက ရေမိုးချိုးကာ အဆင်သင့်ပြင်ထား၏။

ဘယ်လောက်တောင်သွားချင်နေလဲမသိ။ မနေ့ကတည်းကပူဆာနေတာ မနက်ဖြန်ညနေကုမ္ပဏီကပြန်ရင်လိုက်ပို့မယ်ဆို၍ ဇွဲကောင်းကောင်းနဲ့ အသင့်ပြင်ပြီးစောင့်နေလေသည်တဲ့။

"မောင် ​ကြက်မဲနဲ့ရေဘဝဲကုန်တော့မယ်... သွားယူပေးပါဦး!..."

"အင်း... ခဏစောင့်... မောင်သွားယူလိုက်မယ်..."

ရောက်ကတည်းက ထိုင်ရာကမထ...
အသင့်ရှိပြီးသားထမင်းကြော်ကို ကြည်ဥနဲ့ဆွဲနေကာ ဘေးနားကရှိသမျှလက်ညှိုးမလွှဲအစားအစား​တွေကိုလည်း ပေါက်တက်ကရ နှိုက်စားနေသေးသည်။

အသီးအရွက်တွေအသားငါးတွေသွားယူတာလည်းသူ၊ Hot Pot.အိုးထဲထည့်ကာချက်တော့လည်းသူ၊ လိုအပ်တာတွေသွားယူ​ပြန်​တော့လည်းသူ၊ အကင်အိုးကိုကြည့်ရတာလည်းသူ၊ အချဥ်စပ်ပေးတော့သူ...

မအားလပ်တဲ့ကြားက
ခေါက်ဆွဲကြော်လေးထယူပေးပါဦး...
အားလူးကြော်လေးထယူပေးပါဦး... ဖရဲသီးစိတ်လေး...
စတဲ့စတဲ့ မရေတွက်နိုင်တဲ့အနိုင်ကျင့်မှု့တွေအောက် မမောနိုင်မပမ်းနိုင်ဖြည့်ဆည်းပေးရတာကိုပဲ သူကပျော်ရွှင်ကျေနပ်နေတော့လည်း...

"အရမ်းမစားနဲ့! ဗိုက်အောင့်မယ်... တည့်တာလည်းမဟုတ်ဘဲနဲ့! "

အတင်းဂျီကျနေတာကြောင့် ပါတယ်ဆိုရုံလေးထည့်လာပေးတဲ့ စတော်ဘယ်ရီရေခဲမှုန့်ခွက်ကို အငမ်းမရနှိုက်စားနေတာကြောင့် လှမ်းသတိပေးစကားဆိုတော့ မျက်လုံးလှန်ကာဂြိုလ်ကြည့်ကြည့်လာ၏။

ဒီထာဝရမေဟာ ဘယ်လိုလေးလုပ်နေတာလဲ?
လူကိုအသဲယားအောင်...

"အအေးတွေနဲ့မတည့်ဘူးလေ... မောင့်စကားနားမထောင်ရင် နောက်တစ်ခါလိုက်မပို့တော့ဘူး... "

/မပို့နေပေါ့! ကိုယ့်ဘာသာသွားမယ်.../

ထီမထင်မျက်နှာပေးလေးကြောင့် ရရဘာကိုတွေးနေတယ်ဆိုတာ ရိပ်စားမိတဲ့သူက...

နှလုံးသားဖြင့် ရစ်ပတ်ဖွဲ့နှောင်၍...Where stories live. Discover now