အပိုင်း (၄၅)

267 9 0
                                    

နှလုံးသားဖြင့်ရစ်ပတ်ဖွဲ့နှောင်၍...
အပိုင်း (၄၅)

ရုတ်တရက်နေ့လည်ခင်းကြီး အိမ်ပြန်ချလာတဲ့အစ်ကိုလေးကြောင့် မိပုတို့မျက်လုံး အဆမတန်ပြူးရပြီ။

မမလေးက အိမ်မှာရှိတာမဟုတ်ဘူး...
အစ်ကိုလေးသာသိသွားရင် မိပုတို့အားလုံးဇာတ်ပြုတ်မှာ...

ဒုက်ခပါပဲ...
မမလေး ခုနေအိမ်ပြန်လာရင်ကောင်းမှာ...

ဒါပေမယ့် မဖြစ်နိုင်တာက ခုနကမှထွက်သွားတဲ့မမလေးက ချက်ချင်းကြီးအိမ်ပြန်လာစရာအကြောင်းမရှိ။ ခ​က်တာပါပဲ။

မလုံးနဲ့အထွေးတို့ကလည်း တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ကာ ဘာလုပ်ရမှန်းမသိ အကြံအိုက်ကုန်ကြသည်။ အရေးထဲ တစ်ယောက်နဲ့တစ်ယောက်လက်တို့ကာ သေဖို့အရေး အဖော်ညှိနေကြသောမအေးမြတို့၊မစံပယ်တို့ကတမှောက်။

"အစ်ကိုလေး ဒီနေ့ပြန်လာတာအစောကြီးပဲ...
အလုပ်တွေပြီးလို့လား..."

ထိန်းပြောပေမယ့် တုန်ချင်ချင်ဖြစ်နေသောမလုံးအသံက ကြားရသူကို စိတ်မသက်မသာဖြစ်စေသည်။

"မဟုတ်ဘူး... စာရွက်စာတမ်းတချို့ကျန်ခဲ့လို့ပြန်လာယူတာ... မနက်ကလေ လောလောနဲ့ထွက်လာတော့ ယူခဲ့ဖို့မေ့သွားလို့...."

"ဪ..."
မအံ့ဩချင်ပဲအံ့ဩပြလိုက်ရတဲ့အသံက သိပ်မပီပြင်ပါ။ ပင့်သက်ရှိုက်သံနဲ့ သက်ပြင်းမောချသံခပ်တိုးတိုးက ကပ်ပါနေသည်။

ခုနေ အစ်ကိုလေးသာ နင်တို့မမလေးရောလို့မေးရင် ဖြေစရာမရှိတဲ့သူမတို့တွေ လမ်းပေါ်ရောက်ရတော့မည်လား။

"မလုံးတို့ကျွန်တော်ပြန်လာတာ ဘာအဆင်မပြေတာရှိလို့လဲ? ကျွန်တော့်ကို တစ်ခုခုဖုံးကွယ်ထားတာများရှိလို့လား? ကျွန်တော် မသိစေချင်တဲ့အရာတစ်ခုခု... "

သူဝင်လာကတည်းက ခေါင်းကုတ်ခါးကုတ်နဲ့ ဂနာမငြိမ်တာကို ရိပ်စားမိတဲ့ကောင်းမြတ်ရှင်းသန့်ကမေးသည်။

"ဟို မမလေးကလေ... ဟို..."
တဟိုဟိုနဲ့ ဘာဆက်ပြောရမှန်းမသိဖြစ်နေတဲ့မလုံးကိုကြည့်ကာ သူပါမအီမသာဖြစ်ရသည်။

"ရရကအခုအိမ်မှာမရှိဘူးမဟုတ်လား? "

"ဟင်! အစ်ကိုလေးကဘယ်လိုသိ..."
အားလုံး မလှုပ်မရပ်တွေဖြစ်ကုန်ကြသည်။

နှလုံးသားဖြင့် ရစ်ပတ်ဖွဲ့နှောင်၍...Where stories live. Discover now