English Lavender
***
၂၀၁၈ ခုနှစ်။
"ဧည့်သည်လာမယ် ... ဟုတ်လား"
ပေါင်မုန့်မီးကင်နှစ်ချပ်ကို ပါးစပ်ထဲသို့ ပလုပ်ပလောင်း သွပ်လိုက်ရင်း လင်းဗရိုစ်က သူ့အဖေကို ထူးဆန်းသလို လှမ်းကြည့်လိုက်ပြီး မေး၏။
"အင်း ... ဟုတ်တယ်"
သူ နေရာမှ ထ,ပြီး ကျောပိုးအိတ်ကို ဖျတ်ခနဲ ကောက်လွယ်ကာ Headphone ကို တပ်လိုက်ပြီးနောက် အဖေ့ကို တစ်ချက်ပြုံးပြလိုက်သည်။ အဖေက မျက်မှောင်ကုတ်သွား၏။ ထို့နောက် တစ်ဖက်သို့ ဆတ်ခနဲ လှည့်လိုက်စဥ်မှာပင် အဖေက သူ့လက်မောင်းကို လှမ်းဆွဲလိုက်သည်။
"ဒါက ဘယ်လဲ"
Headphone ကို သူ့ ဂုတ်ပေါ်ကျလာအောင် ဆွဲဖြုတ်လိုက်ပြီး အဖေက မျက်နှာကို တမင်တင်းချင်ယောင်ဆောင်ပြီး မေးသည်။
"အဟဲ ... Basketball ... "
သူ့စကားမဆုံးလိုက်ခင်မှာပင် ထုံးစံအတိုင်း အဖေ့အသံကျယ်ကြီး ထွက်ပေါ်လာပါသည်။
"ဟေ့ကောင်၊ ဒီနေ့ လာဗင်ဒါတွေ ရိတ်မှာလို့ ပြောထားတယ်မလား၊ ငါ မအားဘူး၊ ဧည့်သည်တွေ လာရင်လည်း ဟိုဟိုသည်သည် မင်း လိုက်ပို့ရမှာ"
"ဟာဗျာ ... အဖေကလည်း"
"မဟာဗျာနဲ့"
"လာဗင်ဒါတွေ ရိတ်တာက စက်နဲ့ပဲကို၊ ဂိုဒေါင်ထဲက ကားတွေ ထုတ်သုံးမှာပဲမလား၊ အဖေ ကုန်းပြီး ရိတ်ရတာမှ မဟုတ်တာ ... ၊ နောက်ပြီး ဧည့်သည်တွေကလည်း ရောက်ရင် နားချင်မှာပေါ့၊ အိမ်မှာပဲ နားပါစေလားဗျာ"
YOU ARE READING
ပန်းဖြစ်ရုပ်ကြွင်း {ပန်းဖြစ်ရုပ်ကြွင်း}
Romanceချစ်တယ်ဆိုတာ ဘာလဲ မသိခဲ့ဘူး။ သိတဲ့အချိန်ကျတော့လည်း ကျွန်တော်က ချစ်လို့မရတော့ဘူး ... ။