[၂၉] ပေါ်တူဂီ လာဗင်ဒါ / ေပၚတူဂီလာဗင္ဒါ

379 18 3
                                    

Spike/ Portuguese Lavender

လက်ဂေ့ဂျ်အိတ်ရဲ့ ဘီးလုံးနှင့် ကြမ်းပြင် ပွတ်ဆွဲသွားသည့် အသံသည် ခန်းမအတွင်းမှာ ရှည်ကြာကျယ်လောင်စွာ ထွက်ပေါ်နေသည်။ လက်ဂေ့ချ်ကို ဆွဲလာသော လူငယ်၏ ခြေလှမ်းများမှာလည်း အလျင်လိုနေမှုကြောင့် သွက်လက်သည် ဆိုတာထက်ပင် ပိုနေသည်။ ခန်းမအတွင်းမှာ လူရှင်းလင်းနေသဖြ...

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

လက်ဂေ့ဂျ်အိတ်ရဲ့ ဘီးလုံးနှင့် ကြမ်းပြင် ပွတ်ဆွဲသွားသည့် အသံသည် ခန်းမအတွင်းမှာ ရှည်ကြာကျယ်လောင်စွာ ထွက်ပေါ်နေသည်။ လက်ဂေ့ချ်ကို ဆွဲလာသော လူငယ်၏ ခြေလှမ်းများမှာလည်း အလျင်လိုနေမှုကြောင့် သွက်လက်သည် ဆိုတာထက်ပင် ပိုနေသည်။ ခန်းမအတွင်းမှာ လူရှင်းလင်းနေသဖြင့် တော်သေးသည် ပြောရမည်။ မဟုတ်ပါက သည်လို ဒရောသောပါး ပြေးလွှားနေပုံမျိုးနှင့်ဆိုလျှင် အခြားသူများကို ဝင်တိုက်မိမှာ အသေအချာပါပင် ... ။

"ဟေး ... လင်း"

သူ့သူငယ်ချင်းဖြစ်သူ ဖီးယပ်စ်ကို မြင်လိုက်ရသောအခါ သူ ပြေးသွားခဲ့ပြီး ကားတံခါးကို ဆွဲဖွင့်လိုက်၏။ ထို့နောက် ကားထဲကို ဝင်ထိုင်လိုက်ရင်း သီအိုနေသည့် အိမ်ရဲ့ လိပ်စာကိုပြောကာ ခပ်သွက်သွက် မောင်းနှင်ရန် ပြောလိုက်သည်။ သူ စိတ်လောနေပုံကိုကြည့်ပြီး ဖီးယပ်စ်က ခေါင်းခါလျက် ရယ်မောနေ၏။ ကားနောက်ခန်းတွင် ထိုင်နေသော လင်းကို လှည့်ကြည့်ပြီး ရယ်မောလိုက်တာဖြစ်လို့ လင်းကလည်း စိတ်မရှည်စွာ ဖီးယပ်စ်ရဲ့ ပခုံးကို လှမ်းထိုးလိုက်သည်။ ဂုတ်ပေါ်ဝဲကျနေသော ကောက်ကွေးကွေး ဆံပင်ဝါများ လှုပ်ယမ်းသွားအောင် ခေါင်းခါပြီးမှ ကားကို စ ထွက်လေသည်။ လင်းက ခပ်တိုးတိုး ဆဲရေးသော်လည်း သူက ရယ်မြဲ ရယ်နေဆဲ ... ။

ယနေ့ မာဆေး၏ ရာသီဥတုက အုံ့အုံ့မှိုင်းမှိုင်းနှင့် ချက်ချင်းပင် မိုး ထရွာတော့မလို စွတ်စိုနေသည်။ လမ်းဘေးဝန်းကျင်တွေမှာလည်း မိုးငွေ့ဖြင့် မှုန်ဝါးနေခဲ့တော့ ဘာကိုမှ ကောင်းကောင်း မမြင်ရ။

လင်းက လာဗင်ဒါရနံ့ ရသဖြင့် ကားထဲ၌ ဟိုဟိုသည်သည် လျှောက်ရှာကြည့်မိသည်။ မတွေ့ ... ။ အတော်ကလေးကြာမှ ကားမှန်ပြတင်းအနားမှာ ညပ်နေသော ရိုးတံသေးသေးလေးနှင့် ပန်းသေးလေးကို တွေ့၏။ လင်းလည်း ခါးကိုကိုင်းကာ ပန်းပွင့်လေးကို လှမ်းယူလိုက်ပြီး နှာခေါင်းအနားမှာ တေ့ကာ နမ်းမွှေးလိုက်၏။ မွှေးရနံ့က သူ့ရဲ့ စိတ်အာရုံကို လန်းဆန်းသွားစေသည်။ လင်းသည် ပန်းကလေးကို အင်္ကျီအိတ်ကပ်ထဲမှာ ထည့်ထားလိုက်ပြီး ငြိမ်နေလိုက်၏။ စိတ်လှုပ်ရှား၍ပဲလား၊ ရာသီဥတုကြောင့်ပဲလားမသိ၊ သူ့လက်ဖျားတွေ အေးစက်နေပြီး လက်အချင်းချင်းကို ဆုပ်နယ်နေမိပြန်သည်။

ပန်းဖြစ်ရုပ်ကြွင်း {ပန်းဖြစ်ရုပ်ကြွင်း}Where stories live. Discover now