Fringed Lavender
![]()
Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image. အနောက်ဘက်ကောင်းကင်တွင် တိမ်တွေသည် ပါးလျစွာ လွင့်မြောနေ၏။ သီအိုနှင့် လင်းဗရိုစ်သည် အနည်းငယ် မတ်စောက်သော တောင်ကုန်းတစ်ခု၏ ဆင်ခြေလျှောဘက်ဆီမှာ ကျောခင်းလဲလျောင်းရင်း အနောက်ဘက်ကောင်းကင်ကို ငေးမောနေကြသည်။ နေလုံးသည် ပုပ်ပွသော လိမ္မော်ရည်တွေ ပေကျံနေသည့် အရောင်ဖြင့် အနောက်ဘက်သို့ တဖြည်းဖြည်းချင်း နိမ့်ဆင်းနေသည်။ နေဝင်ချိန်တိုင်းသည် စိတ်ပင်ပန်းစွာ နွမ်းလျမှုကို ပေးစွမ်းသည်ဟု သီအိုထင်ပါသည်။ နေဝင်ချိန်တွေကို ငေးကြည့်မိတိုင်း ဝမ်းနည်းသလို ခံစားရမြဲ ... ။ သီအိုသည် အကြောင်းမဲ့စွာ သက်ပြင်းတစ်ချက် ချလိုက်မိ၏။
လင်း ဘက်သို့ ခေါင်းစောင်းကြည့်မိတော့ လင်းက ကောင်းကင်ဆီသို့ မမှိတ်မသုန် ငေးစိုက်ကြည့်နေတာကို တွေ့ရသည်။ လင်းရဲ့ပုံစံက တစ်ခုခုကို အလေးအနက် တွေးတောစဥ်းစားနေသလိုပါပဲ။ လင်း ဘာတွေ စဥ်းစားနေသလဲဟု ခန့်မှန်းနိုင်သော်လည်း မခန့်မှန်းရဲပါပေ။ သူ လင်းရဲ့ အတွေးတွေထဲ ဝင်ကြည့်ဖို့ရာ ကြောက်ပါသည်။
တစ်ခါတလေတော့လည်း သူ့အမူအရာတွေက လင်းအပေါ်မှာ သံယောဇဥ်တွယ်မှန်း သိသာနေပြီလားဟု ကိုယ့်ကိုယ်ကိုယ် ပြန်ဆင်ခြင်မိသေးသည်။ အဲဒီအတွေးနဲ့ပဲ လင်းနဲ့ ခပ်ဝေးဝေးမှာ တမင် ရှောင်ဖယ် နေဖြစ်ခဲ့သည်။
သူက ခဏတာ အလည်ရောက်လာသည့် ဧည့်သည်။ အချိန်တစ်ခုအကြာတွင် သူနှင့်လင်း ခွဲခွာကြပြီး ကိုယ့်ဘ၀၊ ကိုယ့်လမ်းကို သီးခြားစီ လျှောက်ကြရမည်။ မည်သို့ပင်ဖြစ်စေ ... လင်းလည်း သူ့ကိုမေ့ပြီး ဘဝကို ကောင်းမွန်စွာ ရှေ့ဆက်နိုင်မှာပါ။ သူတို့ကရော ဘာတွေမလို့လဲ။ အင်းလေ ... ဒီလို အပေါင်းအသင်းရဲ့ ခင်မင်မှုတွေဆိုတာ ဒီလိုပဲ တစ်ချိန်ကျ မှေးမှိန်ပျောက်ကွယ်သွားရမှာ ... ။ သူဟာ တစ်ချိန်ကျ လင်းရဲ့ ဘ၀ထဲက မှေးမှိန်ပျောက်ကွယ် သွားရမှာ ... ။
![](https://img.wattpad.com/cover/371714825-288-k514925.jpg)
YOU ARE READING
ပန်းဖြစ်ရုပ်ကြွင်း {ပန်းဖြစ်ရုပ်ကြွင်း}
Romanceချစ်တယ်ဆိုတာ ဘာလဲ မသိခဲ့ဘူး။ သိတဲ့အချိန်ကျတော့လည်း ကျွန်တော်က ချစ်လို့မရတော့ဘူး ... ။