Part - 1

2.3K 57 0
                                    

တစ်ခါတစ်လေ လောင်မြိုက် ပူလောင်နေတဲ့ ခံစားချက်တွေထဲကရုန်းမထွက်ချင်ကြတာမျိုးကြုံဖူးကြလား။ ရုန်းမထွက်နိုင်တာမျိုးဆိုပိုမှန်ပါလိမ့်မယ်။ရင်ထဲ မွန်းကြပ်ပြီး တင်းကြပ်နေလို့ ငိုသော်လည်း မျက်ရည်ကျမလာ ရှိုက်သံထွက်မလာခဲ့တာမျိုးလေ။ ပင့်သက်ကာရှုနေရတဲ့ နှုတ်ခမ်းကထွက်လာတဲ့ လေဝင်လေထွက်အသံက သာငိုနေကြောင်းဖော်ပြနိုင်တာမျိုး။နာကြည်းလွန်းသော်လည်း ရိုက်ချခံလိုက်ရတဲ့အရှက်နဲ့ချစ်ခြင်းမေတ္တာတို့ကြောင့်များ ပြန်မထလာနိုင်တာမျိုးလား။

....

ခန်းနားလှတဲ့မင်္ဂလာခန်းမ အလည် သိပ်လှတဲ့အဖြူရောင်သတိုသမီးဝတ်စုံလေးကိုဝတ်ဆင်ထားပြီး လက်ထဲတွင် အဖြူရောင်နှင်းဆီပန်းစည်းလေးကိုကိုင်ထားရင်း အဆတ်မပြတ်ကျနေတဲ့ ပါးပြင်ပေါ်ကမျက်ရည်များနှင့် မျက်စိရှေ့တွင်ရပ်နေသည့် ချစ်ရတဲ့ ယောက်ျားတစ်ယောက်က တခြားအမျိုးသမီးလက်ကိုဆွဲထားပြီးရပ်နေတာကို ကြည့်နေရတာဟာ တကယ်ကိုအကျည်းတန်လှသည်။

"တောင်းပန်ပါတယ်သစ္စာ မင်းကိုချစ်ခဲ့ပေမဲ့ အသက်မရှိတဲ့ ကျောက်ရုပ်တစ်ခုလိုလူမျိုးနဲ့တော့ တစ်သက်လုံးအတူမနေနိုင်ဘူး"

"...."

မျက်စိရှေ့မှထိုလူပြောလာတဲ့စကားများကိုနားမလည်နိုင်။ လူတစ်ယောက်ကို ချစ်မြတ်နိုးကြောင်းဆိုတာ အနူးညံ့ဆုံး နဲ့ တန်ဖိုးထားကြောင်းကို ဖော်ပြရတာ မဟုတ်ပါလား။အနူးညံ့ဆုံးနဲ့ မိမိချစ်ချင်းမေတ္တာကိုဖော်ပြပေးခဲ့သော်လည်း ထိုလူမမြင်နိုင်ခဲ့ခြင်းလား။ရမက်တွေများလွန်းနေခြင်းလားမသိတတ်ပေ။ မင်္ဂလာခန်းမထဲရှိလူကြီးလူကောင်းများရှေ့တွင် အရှက်မရှိ ဘာကြောင့်ဒီလောက် ယုတ်ညံ့ရသလဲ သစ္စာမတွေးတတ်ပေ။

အချိန်ရာသီများအလီလီကူးပြောင်းရင်း အေးစက်နေတဲ့ အခန်းတစ်ခုထဲမှ စားပွဲပေါ်ရှိ ပန်းအိုးလေးထဲက နှင်းဆီပန်းတို့သည်လည်း ညိုးနွမ်းစပြုလာလေပြီ။ ဆေးစွဲနေတဲ့ စုတ်တံများသည်လည်း ပန်းချီကာလေးပြီးသွားသည်မို့ ရေခွက်ထဲသိုရောက်ရှိနေပြီ။ ရံဖန်ရံခါ ရှုရှိက်မိတိုင်း ညိုးနွမ်းစပြုလာသောနှင်းဆီတိုရဲ့ အနံဟာ နှာခါင်းထဲသို ခပ်စူးစူး ဝင်ရောက်လာပါသော်လည်း ပစ်လိုက်ဖိုစိတ်ကူးမရှိ။ မွန်းကြပ်လွန်းတဲ့ခံစားချက်တွေထဲက ရုန်းမထွက်နိုင်တဲ့အမျိုးသမီးတစ်ဦးဟာလည်း ဆောင်းရာသီတစ်ခုရဲ့ ညနေဆောင်းမှာ ပြတင်းပေါက်နားမှာရပ်ရင်း ခြံထဲရှိစိန်ပန်းပင်ကြီးအောက်က နှင်းဆီပင်လေးကိုခပ်တွေတွေငေးကြည့်နေမိသည်။

နှင်းဆီဖြူလေးများပွင့်စေသော်Where stories live. Discover now