Part - 19

527 28 0
                                    

သူမရင်းနှီးတာထပ်ပိုတဲ့ အသံလေးတစ်ခု။ သူမ အတိအကျလွမ်းနေရတဲ့သူလေးရဲ့အသံ။ သူမကို ဒီလောကကြီးထဲမှာ တစ်ယောက်တည်းချန်ထားခဲ့တဲ့သူမရဲ့ ချစ်ရသူ။ ဒါဟာ လောကကြီးကပေးတဲ့ ဆုလာလ်များလား ဆန်းကြယ်မှုလား။

"အဆင်မှပြေနေရဲ့လား"

"လွှာ....လွှာလေး"

သစ္စာ သူမြင်နေရတဲ့ အရာကို မယုံနိုင်စွာ မျက်လုံးများကို ထပ်ခါထပ်ခါ ပိတ်ဖွင့်လုပ်ပြီးကြည့်နေမိသည်။

"ဟင့်အင်းမဖြစ်နိုင်ပါဘူးလွှာလေးက...."

လွန်ခဲ့တဲ့ 6နှစ်က သစ္စာဘဝထဲမှ အပြီးတိုင်ထွက်သွားပြီဖြစ်တဲ့ ချစ်ရသူကို မျက်စိရှေ့တွင်
အကောင်းတိုင်းမြင်နေရတဲ့ ကိုယ့်မျက်လုံး ကိုပင်မယုံနိုင်ဖြစ်နေရသည်။ဒီလူက လွှာလေးမှဟုတ်ရဲ့လား ဘာတွေဖြစ်ပျက်နေတာလဲ သစ္စာတကယ်ပင်နားမလည်နိုင်တော့ပါ။

"သေစေချင်တာမသေလို့သွေးပျက်သွားတာလား"

ဟင့်အင်း လွှာလေးမဖြစ်နိုင်ဘူး မျက်စိရှေ့က လူရဲ့အသံက အေးစက်လွန်းလှပြီး ခက်ထန်လွန်းလှသည်။ မျက်နှာဟာလည်း သွေးအေး တည်ငြိမ်လွန်းနေခဲ့သည်။သစ္စာရဲ့လွှာလေးဟာ နွေးထွေးလွန်းတဲ့ကောင်မလေးတစ်ယောက်မဟုတ်လား။ မျက်နှာလေးကြည့်တာနဲ့ ရင်ထဲအေးသွားရလောက်အောင် အေးချမ်းတဲ့ အပြုံးလေးတွေရှိတယ်မဟုတ်လား။

"မဟုတ်ဘူး မဖြစ်နိုင်ဘူး..."

"ဟက်...ဘာတွေသွေးရူးသွေးတန်းဖြစ်နေတာလဲအန်တီ"

နှုတ်မှအက်ကွဲစွာ ခေါ်လာတဲ့ အသံကြောင့် သစ္စာ မယုံနိုင်ပေမဲ့ဒါဟာလွှာလေးအစစ်ဟုတ်နေမှန်း စိတ်က အလိုလိုသိနေရသည်။

လွှာလေးဟာ အများကြီးပြောင်းလဲနေခဲ့ပြီလေ။ ပုခုံးအထက်လောက်သာရှိပြီး အညီမညာညှပ်ထားတဲ့ ဆံနွယ်လေးတွေကို အဖြူရောင်ဆိုးထားသည်။ အရင်ကထက်လည်းအရပ်ပိုရှည်လာသည်။ ခါးအောက်နားထိရှည်တဲ့ အဖြူရောင် bottom down shirt အပေါ်မှ အဖြူရောင် blazer ကိုထက်ဝတ်ထားသည်။

တစ်ကိုယ်လုံးအဖြူရောင် နှင်းဆီပန်းလေးလို ဖြူစင်နေပါသော်လည်း လက်ထဲတွင်တော့ အနက်ရောင် နှင်းဆီပန်းတွေကို ကိုင်ထားခဲ့သည်။

နှင်းဆီဖြူလေးများပွင့်စေသော်Where stories live. Discover now