မန္တလေးကျုံးကို တစ်ပတ် နည်းပါပတ်လျှောက်ပြီးသော်လည်းလွှာစကားတစ်ခွန်းမှမပြောမိ။ဒီလောက်စကားများတဲ့ ကောင်မလေးက ခုလို တိတ်ဆိတ်နေပြန်တော့လည်း သစ္စာမနေတတ်။
"မင်းစကားမပြောတော့ဘူးလား"
တိတ်ဆိတ်နေတဲ့ရပ်ဝန်းကသစ္စာကပင်စတင်ဖြိုခွင်းရသည်။မဟုတ်လျှင်အိမ်ရောက်တဲ့ထိ လွှာစကားပြောလာမည်မဟုတ်တာကို ရိပ်မိသည်။
"ဟင် ... လွှာဘာပြောရမှန်းမသိလို့ပါ"
သာလိကာလေးလို စကားပြောတတ်တဲ့သူကပြောစရာမရှိတာ မဟုတ်မှန်းသစ္စာသိတာပေါ့။တစ်ခုခုကိုအလိုမကျနေမှန်းသတိထားမိသည်လေ။
"တကယ်? ဒါဆိုလည်း ပြန်ကြတာပေါ့ "
"ဟင် ဘာလို့လဲ အန်တီကလည်း"
သစ္စာစိတ်ဆိုး၍ပြောသည်မဟုတ်သော်လည်း ဒီကလေးမှာ စိုးရိမ်သွားဟန်ပေါ်သည်။ သစ္စာစိတ်ဆိုးမှာကိုပဲ စိုးရိမ်သလား ။ ပျင်းစရာကောင်းတဲ့အိမ်ပြန်ရမှာကိုပဲ စိုးရိမ်သလားတော့သစ္စာမတွေးတတ်ပါ။
"ခုနက လူနဲ့ အန်တီက အသိတွေလား"
"အွန်း..."
အသိတွေလားဆိုတဲ့မေးခွန်းမှာ တခြားဘာရှင်းပြချက်မှမပါပဲအွန်းတစ်လုံးသာဖြေတာကြောင့်လွှာတကယ်ကိုအလိုမကျ။
"အသိတွေပဲဆို ဘာလို့ အဲ့လူက အန်တီ့ကိုမြင်တာနဲ့ သွားကြီး66ချောင်းလောက်ပေါ်အောင်ဖြီးနေရတာလဲ"
"အယ် လူတစ်ယောက်မှာရှိတာမှ သွားက32ချောင်းလေကွယ်"
ရွဲ့တဲ့တဲ့ပြောလာတဲ့ လွှာ့စကားကြောင့်သစ္စာ အသက်ထွက်အောင်ရီမိသည်။ ဘယ်လိုတွေတောင်သွားက66ချောင်းလဲနော် တကယ် လည်း ဒီကောင်မလေးက အဆိုးလေးပဲ။
"မသိဘူး သူ့ကြည့်ရတာ ရီနေတဲ့ပါးစပ်က ဟိုးနောက်ကနားကိုချိတ်တော့မယ်"
အလိုမကျဟန်နဲ့ ဆူတူတူပြောလာတဲ့လွှာဟာတကယ်ကိုသစ္စာမျက်လုံးထဲမှာ ကလေးတစ်ယောက်သာသာလေးရယ်။
"တကယ်တော့ ဖေဖေက သူနဲ့ အိမ်ထောင်ချပေးချင်နေတာ"
"အန်တီကရော အဲ့လူယူမှာလား"
YOU ARE READING
နှင်းဆီဖြူလေးများပွင့်စေသော်
Romanceစိန်ပန်းပွင့်လေးများကြွေ၍ နှင်းဆီဖြူလေးပွင့်လာပြီ။ ချစ်ရသူဟာလည်းပြန်လာလေပြီ။