"မေမေလွှာပြန်လာပြီ"
အိမ်ထဲမဝင်ရသေးခင် တံခါးရောက်တာနှင့်ပင် မေမေ့ကိုအသိပေးရတာလည်း လွှာ့ရဲ့ နေ့စဉ်အလုပ်တစ်ခုလိုပါပဲ။
"အိမ်ထဲပဲအရင်ဝင်ပါသမီးရယ်"
"ဟီးမေမေကလည်း"
လွှာ့အသံကြားတာနဲ့ မီးခိုချောင်ထဲမှ ဟင်းချက်လက်စနဲ့ထွက်လာတဲ့ မေမေ့ပြေးဖက်ရင်းကပ်ချွဲလိုက်သည်။ မေမေ့ကိုကြည့်ရတာ အခုမှ ပို၍ စိတ်ချမ်းသာလာဟန်တွေ့ရသည်။ တစ်ဘဝလုံးပင်ပန်းခဲ့ရတဲ့ မေမေ့ကို လွှာ အေးအေးချမ်းချမ်းလေးနေစေချင်ပြီလေ။
"အလုပ်ကပြန်လာတိုင်းလေ မေမေ့ကို ခုလို သနပ်ခါးလေးနဲ့တွေ့လိုက်ရရင် အမောကိုပြေသွားတာပဲ"
ပါးကွက်လေးနှစ်ဖက်ကွက်ထားတဲ့ မေမေ့ပါးကလေး ဖြတ်ကနဲနမ်းလိုက်ရင်း လွှာချွဲကာပြောလိုက်သည်။
"အမလေး ပိုပြီ သွားရေသွားချိုး ပြီးရင် ထမင်းစားဖို့ထွက်ခဲ့ သမီးကြိုက်တာလေးတွေ မေမေချက်ထားတယ်"
"ဟင့်ခုမှပြန်ရောက်တာကို"
နှုတ်ခမ်းလေးဆူကာ ချွဲသံ နှောပြီးပြောနေတဲ့ လွှာ့နှဖူးလေးကို မေမေက ဖွဖွလေးထုလိုက်သည်။ မေမေ့ကိုချွဲလိုဝမှ အခန်းထဲဝင်ကာ ရေချိုးဖို့ပြင်လိုက်သည်။ ရေချိုးဖို့လုပ်ပြီးမှ တစ်ခုခုကိုတွေးမိပြီး ပြုံးရင်း ဖုန်းလေးကိုကောက်ကိုင်ကာ နံပါတ်တစ်ခုကိုခေါ်လိုက်သည်။
"ဟယ်လို"
" ဘယ်သူလဲ"
"ဟာဘယ်သူလဲတဲ့အန်တီရာ ကိုယ့်ချစ်သူဖုန်းနံပါတ်တောင် မမှတ်ထားဘူးပေါ့"
ခုလေးတင်တွေ့ပြီးအိမ်ပြန်လာတာတောင် လွမ်းနေတာမို့ ဖုန်းကောက်ခေါ်လိုက်ပေမဲ့ ဘယ်သူလဲ ပြန်မေးနေတာမို့ လွှာ အနည်းငယ်စိတ်ကောက် ချင်လာသည်။တစ်ဖက်ကတော့ လွှာ့စကားကိုကြားတာနဲ့ တစ်ခစ်ခစ်နဲ့ရီနေလေရဲ့။
"ဟွန်းဘာတွေရီနေတာလဲ"
"စိတ်ကောက်တာကိုရီချင်လို့"
"အန်တီနော်"
"စတာပါရှင် ကဲခုမှပြန်ရောက်တာကို ဘာလို့ဖုန်းခေါ်တာ"
YOU ARE READING
နှင်းဆီဖြူလေးများပွင့်စေသော်
Romanceစိန်ပန်းပွင့်လေးများကြွေ၍ နှင်းဆီဖြူလေးပွင့်လာပြီ။ ချစ်ရသူဟာလည်းပြန်လာလေပြီ။