Part - 15

854 35 0
                                    

"အမရာ မမမနက်ဖြန် မေမေ့အတွက် အလှူသွားလုပ်မလို့လိုက်မယ်မလား"

"အမရာမလိုက်တော့ပါဘူး မမရယ်အရေးကြီး project လေးရှိလို့လေဖျက်လို့မရလို့"

"အေးပါအေးပါ"

"ဒါဆို အမရာနားတော့မယ်နော် မမလည်းစောစောနားတော့နော်"

သစ္စာခေါ်ရင် ဘယ်တုန်းကမှ မငြင်းတတ်တဲ့ သူက တစ်သက်လုံး ခုတစ်ကြိမ်ပဲငြင်းဖူးခဲ့သည်။ အမရာ အနည်းငယ်ပြောင်းလဲလာတာကို သစ္စာသတိထားမိသည်။ အရင်ကထက် အနေအေးလာသည်။ အရင်ကဆို သစ္စာနားအမြဲကပ်နေတတ်တဲ့သူက သစ္စာကို အနည်းငယ်ရှောင်လာသည်။ ဒါတွေကလည်း အသက်ကြီးလာလို့ ရင့်ကျက်လာတယ်လို့ပဲ သစ္စာတွေးမိလိုက်သည်။

အမရာ ချက်ချင်းပဲ အခန်းထဲဝင်လာကာ ကုတင်ပေါ်တွင် ပစ်လှဲချလိုက်သည်။ လက်သီးကိုကျစ်ကျစ်ဆုပ်ထားပြီး လက်ကို မျက်လုံးပေါ်ဖိတင်ထားမိသည်။ လက်အောက်ကနေ ဘေးသို့ စီးကျလာတဲ့ မျက်ရည်များကိုတော့ လုံအောင်မဖုံးထားနိုင်ပါလေ။

.......

"ဟယ်လို လွှာလေး မလာသေးဘူးလား"

"ဟီး အန်တီ့အတွက်ပန်းလေးဝယ်နေလို့ပါနော် စိတ်ချချစ်ရသူလေးဆီရောက်အောင်လာမှာပါနော်"

"ဟွန်းပြီးရော"

အလှူသွားလုပ်ရန် အကုန်ပြင်ဆင်ပြီးစောင့်နေရတာကြာနေပြီမို့ သစ္စာစိတ်ကောက်ချင်ပါသော်လည်း လွှာ့စကားကြောင့် နည်းနည်းပင်ထပ်မကောက်နိုင်တော့ပေ။

ပန်းဆိုင်နဲ့ လွှာ့ အခန်းမှာ နီးတာမို့ လမ်းလျှောက်ပြီးသာလာဝယ်ခဲ့သည်။ အန်တီ့အတွက် နှင်းဆီပန်းဖြူလေးတွေဝယ်ပြီး လက်ထဲတွင် တယုတယကိုင်ကာ အိမ်သို့ပြန်လာခဲ့သည်။

"ဒုန်း...."

ရုတ်တရက် အရှိန်ပြင်းပြင်းဖြင့် မောင်းလာသောကားတစ်စီးဟာ နှင်းဆီပန်းဖြူလေး ကိုင်ထားသော သူမဆီသို့ တည့်တည့် ဝင်တိုက်၍ မောင်းပြေးသွားခဲ့သည်။ ဖြစ်ရပ်မှာ မြန်ဆန်လွန်းတာမို့ လွှာသတိမထားမိလိုက်ချိန်မှာပဲ လွှာ့ခန္ဓာကိုယ်လေးဟာ လမ်းမကြီး အလည်သွေးအိုင်များကြားတွင် လဲကျလို့နေသည်။

နှင်းဆီဖြူလေးများပွင့်စေသော်Where stories live. Discover now