"ဟယ်လို...ခိုင်"
"သစ္စာ အဆင်ရောပြေရဲ့လား အသံနားထောင်ရတာအားမရှိလိုက်တာ..."
"ပြေပါတယ်ကွယ် ခုကအရေးကြီးပြောစရာလေးရှိလို့"
သစ္စာဆီက အရေးကြီးဆိုတာကြောင့် ခိုင်မျက်ခုံးအနည်းငယ်လှုပ်မိသည်။ ကောင်းမြတ်သော် သတင်းကြားတုန်းက ဖုန်းဆက်မေးခဲ့တာတောင် နည်းနည်းမှ တုန်လှုပ်နေဟန်မရှိပဲ အေးဆေးနေချင်းဖြစ်တာကြောင့်ပင်။
"ဘာများလဲဟင်"
"လွှာလေး ပြန်လာတယ်"
"ဘယ်လို...."
ခိုင်ကိုယ်တိုင်ကြားလိုက်ရတာကိုပင် မယုံနိုင်ဖြစ်နေရသည်။ အဲ့နေ့တုန်းက ဒေါက်တာခင်မြမြသွယ်ကိုယ်တိုင် လွှာဆုံးကြောင်းပြောခဲ့တာမဟုတ်လား။
"ဟုတ်တယ် လွှာလေးအသက်ရှင်နေသေးတယ်
ခင်မြမြသွယ်နဲ့အတူပြန်လာတာ""ဒါဆို သတင်းကောင်းပဲ အန်တီ့ကိုလည်းပြောပြရမယ်"
"သူတို့နှစ်ယောက်က ချစ်သူတွေအနေနဲ့ပြန်လာတာ ပြီးတော့ လွှာလေးက တို့ကို မုန်းနေတယ်"
"ဟမ်..."
ခိုင့်အတွေးထဲ ဘယ်လိုမှ မဖြစ်နိုင်တဲ့ စကားကို ကြားလိုက်ရတာမို့ ကြက်သေပင်သေသွားမိသည်။ သစ္စာ ဟာ စနေတာများလား သို့သော် သစ္စာ အသံမှာ စနေဟန်မပေါ် ငြိမ်နေလွန်းသည်။
"ဟာ မဖြစ်နိုင်တာ လွှာက နင့်ကိုဒီလောက်ချစ်တာ"
"မဖြစ်နိုင်တာပဲဖြစ်နေပြီ ခိုင်ရယ်"
"ဒါဆိုခင်မြမြသွယ်ကရော သူအကုန်သိနေတယ်လေ လွှာကသိနေရက်နဲ့တောင်.."
"ဟင့်အင်း လွှာဘာမှမသိသေးဘူး ခင်မြမြသွယ်ကိုယ်တိုင်လိမ်ထားခဲ့တာ"
"ဘာ..."
"ဟုတ်တယ် လွှာ့မေမေဆုံးတဲ့ သတင်းကိုလည်း သူပဲသတင်းစာထဲထည့်ခဲ့တာ လွှာလေးက သူပြောတာပဲယုံနေခဲ့တာ"
"ဟ ဘယ်လိုတောင်လဲ သူပြောတယ်ဆိုရင်တောင် လွှာ နင့်ကိုနည်းနည်းမေးသင့်တယ်လေ"
"ကောင်းမြတ်သော်နဲ့ မင်္ဂလာသတင်းကြောင့်ရော လွှာက သူပြောတာတွေကိုယုံသွားတာ"
YOU ARE READING
နှင်းဆီဖြူလေးများပွင့်စေသော်
Romanceစိန်ပန်းပွင့်လေးများကြွေ၍ နှင်းဆီဖြူလေးပွင့်လာပြီ။ ချစ်ရသူဟာလည်းပြန်လာလေပြီ။