နေရောင်ခြည်နွေးနွေးလေးဖျာကျနေတဲ့ မနက်ခင်းတစ်ခု။ လွှာ သစ္စာတို့အိမ်ကို ရောက်တာတစ်ပတ်ခန့်မျှရှိပြီဖြစ်သော်လည်း အိမ်ထဲတွင်သာအမြဲနေလေ့ရှိသောသစ္စာနဲ့ သိပ်မစုံဖြစ်ပေ။စကားပြောဖို့လည်းအခွင့်ရေးမရခဲ့ချေ။ မနက်ခင်းရဲ့အလှကိုခံစားရန် ဝံရံတာကိုထွက်လာစဉ် မြင်တွေ့ရတဲ့သက်ဝင်ပန်းချီကားလေး။ အပြာနုရောင်ဝမ်းဆက်လေးကိုဝတ်ထားပြီး စိန်ပန်းပင်အောက်မှာရပ်နေတဲ့အမျိုးသမီးတစ်ယောက် ဒီတစ်ခါမှာ လည်းဒီအမျိုးသမီးဟာတကယ်ကိုလှပါသည်။ ချက်ချင်းခြံထဲသို့ဆင်းကာထိုအမျိုးရှိရာသို့လှမ်းသွားမိသည်။
"အန်တီ"
"အမလေး အိုလန့်လိုက်တာကွယ်"
ခြေသံမကြားရပဲ နောက်မှ ရုတ်တရက် ခေါ်လိုက်သော်လွှာ့အသံကြောင့် သစ္စာကိုယ်လေး အနည်းငယ်တုန်သွားသည်။ နေအရမ်းမပွင့်သေးသောမနက်ခင်းအလှနဲ့အပြိုင်ဒီအမျိုးသမီးဟာတကယ်ကိုလှသည်။
"လန့်သွားတာလား လွှာတောင်းပန်ပါတယ်နော် အန်တီ"
"ရပါတယ် နောက်များတော့ ခြေသံလေးဘာလေးကြို ပေးပေါ့"
လန့်သွားတာကြောင့် ရင်ဘတ်လေးကို သစ္စာလက်လေးနှင့်ဖိရင်းပြောလာပုံမှာတကယ်ကိုချစ်စရာအတိ။
သွယ်လျပြီး လက်သည်းခွံလေးများကအစ ပန်းရောင်လေးသန်းနေသည်။ ကြည့်လေကြည့်လေ ထိုအမျိုးသမီးဟာ ပိုလှလေပါပဲ။"ဟုတ်အန်တီ ဒါနဲ့ ဒီစိန်ပန်းပင်ကြီးကို အရမ်းသဘောကြတာပဲလားဟင် "
အပြင်သိပ်မထွက်တတ်သည့်သစ္စာကို တွေ့ရချိန်တိုင်း စိန်ပန်းပင်ကြီးအောက်တွင်သာတွေ့ရလေ့ရှိတာမို့လွှာမေးမိသည်။
"အွန်း မေမေက သိပ်သဘောကြတာလေ "
လွှာ့အမေးကိုခပ်ပြတ်ပြတ်နှင့်တိုတိုသာဖြေလာသော ဒီအမျိုးသမီးက တကယ်ပဲ အေးအေးစက်စက်နိုင်တာလားဟုလွှာတွေးမိသည်။
"ဒါဆိုအန်တီက နှင်းဆီလေးတွေကြိုက်တာလား"
"ဘယ်လိုများသိတာလဲ"
လွှာပြောလာတဲ့စကားလေးကို အံ့ြသမိသော မျက်ဝန်းလေးများနှင့် ပြန်မေးလာသော အန်တီ့ကိုကြည့်ရင်း လွှာသဘောကြစွာပြုံးမိသည်။တကယ်ဆိုလွှာကြိုသတိထားမိပြီးသားပါ။ မကြာမကြာ စိန်ပန်းပင်လေးအောက်က နှင်းဆီပင်လေးကိုရေလာလာလောင်းတတ်တဲ့အန်တီ့ကို လွှာခိုးခိုးကြည့်နေရတာဘယ်နှကြိမ်တောင်ရှိပြီလဲနော်။
"အမ အမရာ အန်တီ့အတွက် ဝယ်ဝယ်လာတတ်လို့ခန့်မှန်းကြည့်လိုက်တာ"
YOU ARE READING
နှင်းဆီဖြူလေးများပွင့်စေသော်
Romanceစိန်ပန်းပွင့်လေးများကြွေ၍ နှင်းဆီဖြူလေးပွင့်လာပြီ။ ချစ်ရသူဟာလည်းပြန်လာလေပြီ။