ဒေါက်...ဒေါက်...ဒေါက်
"တံခါးဖွင့် မမ"
အမရာ တံခါးကို အဆတ်မပြတ်ခေါက်ရင်း ခေါ်နေပါသော်လည်း အခန်းထဲမှ ဘာသံမှ ထွက်မလာခဲ့ပါ။
"ဒုန်း....ဒုန်း...."
"တံခါးဖွင့်လို့ မမ အမရာ တံခါးဖျက်ဝင်လာရမှာလား"
အချိန်အတော်ကြာတဲ့ထိ တံခါးမဖွင့် ဘာသံမျှထွက်မလာတာမို့ အမရာ စိတ်တိုမိလာသည်။
တံခါးကို အတင်း လှည့်ကာ ဖွင့်နေမှ အထဲမှ ဖွင့်လိုက်လို့ အသာယာပွင့်လာသည်။တံခါးလာဖွင့်ပြီး ကုတင်ပေါ်တွင် အသက်မဲ့စွာသစ္စာ ပြန်ထိုင်နေမိသည်။ အမရာလက်ထဲမှ ထမင်းပန်းကန်လေးကို စားပွဲပေါ်တွင် အသာယာချလိုက်ပြီး သစ္စာနားသို့လျှောက်သွားလိုက်သည်။
"ထမင်းလေးစားလိုက်ပါ"
"....."
"ဒီလိုလုပ်နေရင် မမပဲ ထိခိုက်လိမ့်မယ် "
"ထွက်သွား.."
"မမ...!!"
အမရာတကယ်ပင် စိတ်ပူနေမိတာမို့ အတတ်နိုင်ဆုံး အသံကို လျှော့ကာပြောနေပါသော်လည်း ပြန်ရလိုက်တဲ့အဖြေကြောင့် ရင်ဘတ်မှ ဆစ်ကနဲနာကျင်မိသွားသည်။
"တောင်းဆိုပါတယ် မမရယ် စားလိုက်ပါနော်"
စိတ်ကို လျှော့ကာထိန်းရင်း အမရာ သစ္စာ ရှေ့တွင် ဒူးတစ်ဖက်ထောက်ထိုင်ကာ သစ္စာလက်ကလေးကို ဖွဖွလေးကိုင်လိုက်မိသည်။
"မထိနဲ့"
သစ္စာ ချက်ချင်း အမရာ့လက်ကို ပုတ်ချကာ နီရဲစူးရှတဲ့ အကြည့်များနဲ့ ခက်ထန်စွာမျက်စောင်းထိုးကြည့်လိုက်သည်။
" အမရာ မမကို ချစ်တာသိရက်နဲ့ ဒီလိုမလုပ်ပါနဲ့"
"နင့်မျက်နှာကိုတောင်ငါမမြင်ချင်ဘူးငါ့အသားကို
နင့်ရဲ့သွေးစွန်းနေတဲ့လက်တွေနဲ့ လာမထိနဲ့ ရွံလွန်းလို့"သစ္စာ မဲ့ပြုံးပြုံးကာ ခက်ထန်တဲ့ လေသံများဖြင့် ပြောလိုက်သည်။ ဘယ်လောက်ပဲ ရက်စက်တဲ့သူဖြစ်စေကာမူ ချစ်ရသူဆီက နာကျည်းတဲ့ စကားတွေကို ခံနိုင်စွမ်းမရှိတာမို့ အမရာ့ ရင်ဘတ်ထဲမှ နာကျင်မှုကိုခံစားလိုက်ရပြန်သည်။
YOU ARE READING
နှင်းဆီဖြူလေးများပွင့်စေသော်
Romanceစိန်ပန်းပွင့်လေးများကြွေ၍ နှင်းဆီဖြူလေးပွင့်လာပြီ။ ချစ်ရသူဟာလည်းပြန်လာလေပြီ။