"သစ္စာရေ အိုင်လာတယ်"
"ဟော ယူ့အသံကိုလေ တို့ အခန်းထဲကတောင်ကြားရတယ်"
အောက်ထပ်အခန်းမှ အော်ခေါ်သံကို သစ္စာအခန်းထဲကတောင်ကြားရသောကြောင့် ဒီအသံမှာ ခိုင်မှန်း သစ္စာ မခန့်မှန်းရင်တောင်တန်းသိပါသည်။
" အိုင်နဲ့အပြင်သွားရအောင်လေ"
"ညကြီးမသွားချင်ပါဘူး ယူရယ် ပျင်းလွန်းလို့"
"ပျင်းလို့ အပြင်သွားပါမယ်ဆို ယူက အပြင်သွားရမှာပျင်းတယ်တဲ့လား" မျက်စောင်လေးထိုးရင်းပြောလာတဲ့ ခိုင့်ပုံစံမှာ လူကြီးဆန်ဆန်ဝတ်ထားပုံ နှင့်မလိုက်အောင်ကလေးဆန်ပါသည်လေ။
"ဒါနဲ့ယူ့ကလေးရော"
"ဟင်ဘယ်ကကလေးတုန်း"
ခိုင့်မေးခွန်းကြောင့် သစ္စာအနည်းငယ်ကြောင်အန်းအန်းဖြစ်ရင်းပြန်မေးရသည်လေ။
"လွှာလေ"
"အို ယူနော် ဘာတို့ကလေးလဲ" ရှက်ရမ်းရမ်းကာခေါင်းလေးငုံ့ရင်းပြောလာတဲ့သစ္စာပုံစံမှာ တကယ်ကိုချစ်စရာအတိ။
"အမယ်အပျိုကြီးအခုမှရှက်မနေနဲ့ အိုင်သိနေတယ်နော်"
"တို့ကိုသာပြောမနေနဲ့ယူကရော ရည်းစားဘာညာမထားတော့ဘူးလား" ရှက်ရှက်နဲ့ ခိုင့်လက်မောင်းလေးကို ပုတ်ကာမေးလိုက်သော်လည်း ခိုင့်မျက်နှာလေးမှာ တကယ်ကိုညိုးကျသွားမှန်း သစ္စာသတိထားမိသည်။
"အိုင်လည်းချစ်ခဲ့ဖူးပါတယ်" ဟုပြောရင်းမျက်ရည်လေးဝိုင်းလာသည်ကိုကြည့်ရင်း သစ္စာတကယ်စိတ်မကောင်းပေ။
"ယူအဆင်ပြေတဲ့ချိန်မှပြောပြလေနော်"
"အင်းပါ ဒါနဲ့ လွှာရောမတွေ့ပါလား"
မျက်ရည်စလေးကိုသုတ်ရင်း ခိုင်ရောက်ကတည်းကလွှာ့ကိုမတွေ့သည်မို့မေးကြည့်လိုက်သည်။
"ဒီကောင်မလေးဒီရက်ပိုင်းညနေတွေဆို အပြင်ထွက်ထွက်နေတာ ညမိုးချုပ်မှပြန်လာတတ်လာ ဘာတွေလုပ်နေလဲမသိပါဘူးလေ"
ညနေတိုင်း အပြင်ထွက်ပြီးအကြောင်းပြချက်ရေရေရာရာမပေးတဲ့ လွှာ့ကို သစ္စာတကယ်စိတ်ဆိုးချင်မိပါသည်လေ။
YOU ARE READING
နှင်းဆီဖြူလေးများပွင့်စေသော်
Romanceစိန်ပန်းပွင့်လေးများကြွေ၍ နှင်းဆီဖြူလေးပွင့်လာပြီ။ ချစ်ရသူဟာလည်းပြန်လာလေပြီ။