Part - 14

549 30 0
                                    

"တောက်....စိတ်ပျက်လိုက်တာ ဒီမိန်းမကဘာလို့ဒီလောက်ကံကောင်းနေရတာလဲ"

ကြည်ဖြူပူလောင်စွာနဲ့ တောက်ခေါက်ကာ လက်သီးကိုကျစ်ကျစ်ပါအောင်ဆုတ်ထားသည်။ ကောင်းမြတ်သော်ကတော့ ကြည်ဖြူ့ရှေ့တွင်ထိုင်ကာ လက်ထဲမှဝိုင်ခွက်လေးကိုမော့ရင်း ပြုံးသာပြုံးကြည့်နေသည်။

"ဒီတစ်ခါမအောင်မြင်လည်းဘာဖြစ်လဲဗျာ နောက်တစ်ခါပေါ့"

"နောက်တစ်ခါတော့ သူတို့နှစ်ယောက်ကို ရအောင်ခွဲပစ်မယ်"

"ဖြစ်ရမှာပေါ့ဗျာ"

ကြည်ဖြူ့စကားကို ထောက်ခံပေးရင်း တစ်ဖက်မှ နှစ်ချို့ ဝိုင်ခွက်ကို ကြည်ဖြူ့ထံကမ်းပေးလိုက်သည်။ စိတ်ထဲပူလောင်နေတာမို့ ကြည်ဖြူဝိုင်ခွက်ကိုယူကာ တစ်ချိုက်တည်းမော့သောက်လိုက်သည်။ မိနစ်ပိုင်းလောက် အကြာတွင် ကြည်ဖြူ့ လည်ချောင်းများအက်ကွဲလာရင်း ရင်ဘတ်ဟာလည်း မီးစ နဲ့ထိုးသလို ပူလောင်လာခဲ့သည်။ အသက်ရှုရခက်ခဲလာတာမို့ ရင်ဘတ်ကို လက်နဲ့ဖိထားရင် ဆူးရှတဲ့မျက်ဝန်းများဖြင့်ကောင်းမြတ်သော်ကို လှမ်းကြည့်လိုက်သည်။

"ရှင်...ရှင်..."

ကြည်ဖြူလက်တစ်ဖက်က စားပွဲကိုထာက်ထားပြီး တစ်ဖက်ကတော့ရင်ဘတ်ကို ဖိကာ အသက်ကို အလုအယက်ရှုနေရသည်မို့ စကားပင် ပြောမထွက်နိုင်တော့ပေ။ ကောင်းမြတ်သော်ကတော့ နှုတ်ခမ်းကို တစ်ဖက်ရွဲ့ပြုံးကာ ကြည်ဖြူကို့ ခပ်ထေ့ထေ့ ကြည့်နေလေသည်။

"ဟားဟားဟား တစ်ခါ ကြံစည်တာ ပျက်ပြီးသား လူတစ်ယောက်နဲ့ ငါကဆက်လက်ပူးပေါင်းမယ်လို့များမင်းထင်နေတာလား"

ကောင်းမြတ်သော် ကြည်ဖြူ့ပါးကို နှစ်ချက်လောက် ပုတ်ရိုက်ကာ ဟက်ဟက်ပက်ပက်ရီရင်းပြောနေလေသည်။ ကြည်ဖြူ မကြာခင်ပဲ နှုတ်ခမ်းမှ သွေးများ အန်ထွက်လာကာ မျက်လွှာများ ပိတ်ကျသွားလေသည်။

" ရှင်းလိုက်တော့"

ကောင်းမြတ်သော် သူ့နောက်မှာ လူယုံများကို ခိုင်းလိုက်ကာ ဝရံတာဘက်သို့ ထွက်ရင်း လက်ထဲမှာ ဝိုင်ခွက်ကို ဝေ့ရမ်းကာ တစ်ခုခုကို တွေးတောနေလေသည်။

နှင်းဆီဖြူလေးများပွင့်စေသော်Where stories live. Discover now