Part - 8

635 34 0
                                    

ဒီပိုင်းလေးမှာပါမှာမို့ ခွင့် // လင်းလင်း သီချင်းလေးကိုနားထောင်ကြည့်ဖို့ အကြံပေးချင်ပါတယ်ရှင့်။အပေါ်မှာလည်းထည့်ပေးထားပါမယ်နော်

————-

ဒီနေ့မှရာသီဥတုကပိုကောင်းနေသလို၊ကောင်းကင်ကြီးကပိုလှနေသလို၊ ပန်းလေးတွေကပိုလှနေသလိုပါလေ ။ပန်းလေးတွေနဲ့ အပြိုင်လှတဲ့ အန်တီ့ရဲ့မွေးနေ့မို့လေ။

ပုံမှန်လိုပဲ လွှာ အန်တီ့အတွက်စျေးထဲမှာ နှင်းဆီဖြူလေးတွေသွားဝယ်ခဲ့တယ်။ ပန်းလေးတွေဝယ်ပြီး ပြန်အလာ ခြံရှေ့ကနေ လှမ်းမြင်ရတဲ့ မြင်ကွင်းလေးကြောင့် လွှာ့ ဘယ်ဘက်ရင်အုံကအရာမှာ ထိန်းချုပ်မရနိုင်အောင် စည်းချက်ညီညီခုန်နေလေရဲ့။

စိန်ပန်းပင်ကြီးအောက်မှ အဖြူရောင်နတ်သမီးလေး။ အရင်က အရောင်နုနု ချည်ဝမ်းဆက်လေးတွေသာဝတ်တတ်တဲ့ အန်တီက ဒီနေ့ အဖြူရောင် ဇာလေးကို အောက်ခံအဖြူရောင်လေး နဲ့ ခြေဖျားထိဖုံးတဲ့ဂါဝန်လေးဝတ်ထားလေရဲ့။ ခါးနောက်မှကြိုးလေးစည်းထားမို့ အန်တီ့ခါးသေးသေးလေးနဲ့ကောာက်ကြောင်းလေးမှာ အထင်းသား။ ဆံပင်အားလုံးကို ဖြန့်ချထားတာမို့ လေတစ်ချက်တိုက်တိုင်း လေတိုက်ရာလမ်းကြောင်းအတိုင်းလွှင့်တက်နေတဲ့ဝါဝန်လေးနဲ့ ဝဲခါနေတဲ့ဆံနွယ်လေးတွေကို လိုက်သိမ်းနေတဲ့ အန်တီ့ပုံစံလေးမြင်ရတာကို လွှာရင်တွေမခိုင်ပါ။လွှာဘယ်ဘက်ရင်အုံကို လက်ဖဝါးလေးနှင့်ဖိရင်း ခြံထဲကိုဝင်ရင်း အန်တီရှိရာသို့လှမ်းလာခဲ့သည်။

"အန်တီ"

"ဟင်"

"လှတယ်"

"အို ဘာတွေပြောနေမှန်းမသိဘူး"

"တကယ် အန်တီဒီနေ့ သိပ်လှတာပဲ"

ခေါင်းလေးငုံ့ကာရှက်သွားသည့်အန်တီ့ပုံစံလေးမှာတကယ် ချစ်စရာအတိ။ နီရဲသွားတဲ့ပါးပြင်လေး နှင်းဆီနီရောင် နှုတ်ခမ်းဖူးဖူးလေးနဲ့ စူးရှတဲ့ မျက်ဝန်းလေးတွေနဲ့ သိပ်လှတဲ့ အပြုံးတွေက လွှာ့ကို တကယ်လွမ်းမိုးနေပါပြီလေ။ မျက်ဝန်းထက်က မှဲ့လေးက ဆွဲဆောင်နေသလို အထင်းသားပေါ်နေတဲ့ နှာတံချွန်ချွန်လေးကပဲ ဖမ်းစားနေသလို နဖူးပြင်ပေါ်ကျနေတဲ့ ဆံနွယ်လေးတွေကပဲကျီစယ်နေသလို တကယ်ပါ လွှာဒီအမျိုးသမီးဆီက ရုန်းမထွက်နိုင်တော့ပါ။အန်တီရယ် လွှာ့ကို သိပ်လွှမ်းမိုးဖို့မကြိုးစားပါနဲ့တော့ အန်တီမခြွေရင်တောင်ကြွေနေပြီးသားမို့ ဒူးထောက်ပေးထားပြီးပါပြီလေ။

နှင်းဆီဖြူလေးများပွင့်စေသော်Where stories live. Discover now