Part - 24 (final)

2.8K 60 5
                                    

အဖြူရောင်နှင်းဆီဖြူလေးများပြည့်နက်နေသော ကြမ်းပြင်လေးပေါ်တွင် ဆေးလုံးများစွာဟာ
ပြန့်ကြဲနေပြီး အနီရောင် သွေးများဟာ အကျည်းတန်စွာ စီးဆင်းနေလေသည်။ အဖြူရောင်ဝမ်းဆက်နဲ့ အမျိုးသမီးလေးဟာလည်း သွေးနီများနှင့် နှင်းဆီဖြူလေးများရောယှက်နေတဲ့ အလည်တွင် လှဲလှောင်းနေလေသည်။

လွှာမရှိတဲ့လောကမှာနေရမှာသေလောက်အောင်ကြောက်ခဲ့ပေမဲ့ ဒီတစ်ချိန်မှာတော့ သစ္စာကိုယ်တိုင်ပြေးထွက်ခဲ့မိပြီ။ ဒီတစ်ခါတော့
သစ္စာမသေမှာကိုပိုကြောက်မိနေသည်။ ဒီကံကြမ္မာကြီးကပေးတဲ့ ဒဏ်ရာတွေကို သစ္စာထပ်မခံစားနိုင်တော့ပေ။ အနည်းဆုံးတော့နောက်ဆုံးချိန်လေးတွင် သစ္စာသိပ်ချစ်ရတဲ့ သူမ ရင်ခွင်လေးထဲမှာ ဖြစ်ရတဲ့အတွက် ပျော်နေမိသည်။ သစ္စာတွင်နောင်တမရှိနေခဲ့ပါ နောက်ဆုံးချိန်တွင် လွှာလေးကို သစ္စာ အလှဆုံးပြုံးပြနိုင်ခဲ့သည်။ သိပ်မြတ်နိုးရတဲ့နှင်းဆီဖြူလေးတွေကြားထဲတွင် လှဲလျောင်းနေရသည်မဟုတ်လား။

"ဟင့်အင်း မဖြစ်ရဘူး အန်တီလွှာ့ကိုကြည့်ပါဦး"

နှင်းဆီဖူးရောင်နှုတ်ခမ်းလေးဟာ အနည်းငယ် ပြုံးယောင်သမ်းသွားပြီး မျက်ခွံလေးဟာ အနည်းငယ်ပွင့်ဟလာသည်။

"လွှာတောင်းပန်ပါတယ်အန်တီရယ် လွှာမှားသွားပါတယ် လွှာ့နားကထွက်မသွားပါနဲ့နော်"

လွှာငိုယိုနေရင်း နှုတ်မှလည်း အထပ်ထပ်အခါခါတောင်းပန်နေမိသည်။ အဖြစ်မှန်တွေကိုသိရတဲ့ချိန်က အန်တီ့ကိုဆုံးရှုံးရမဲ့အချိန်ဟု လွှာနည်းနည်းမှတွေးမကြည့်မိခဲ့ပါ။

"လွှာ အကုန်သိပြီးပါပြီအန်တီရယ် လွှာအမှားကြီးမှားသွားပါတယ် အန်တီလွှာ့ကိုကြိုက်သလိုအပြစ်ပေးလို့ရပါတယ် လွှာ့ကိုဒီလိုတော့မထားခဲ့ပါနဲ့နော်"

သစ္စာ ပါးလေးကို ဖွဖွကလေးကိုင်ထားပြီး မထားခဲ့ဖို့သာ လွှာအကြိမ်ကြိမ်တောင်းဆိုနေမိသည်။ မျက်ဝန်းမှမျက်ရည်များဟာလည်း လည်ပင်းထိကိုစီးကျလာခဲ့သည်။

"အန်တီမရှိရင် လွှာမနေနိုင်ဘူး လွှာရူးသွားလိမ့်မယ်"

အန်တီ့ကိုယ်ကလေးကို ပွေ့ဖက်ထားပြီး နာကျင်စွာငိုနေမိသည်။ အန်တီမရှိရင် လွှာ အမှန်တကယ်ရူးသွားရလိမ့်မည်။ အန်တီ့ကို ကျေနပ်တဲ့ထိ လွှာတောင်းပန်ရအုန်းမည်မဟုတ်လား။ လွှာမှားခဲ့တဲ့အပြစ်တွေအတွက်အန်တီပေးတဲ့အပြစ်ကိုခံယူချင်သေးသည်။ လွှာ့နားက အန်တီထွက်သွားမဲ့ အပြစ်မျိုးတော့လွှာ မခံဝံ့ပါလေ။

နှင်းဆီဖြူလေးများပွင့်စေသော်Where stories live. Discover now