Part - 13

821 45 0
                                    

သစ္စာကိုလွှာ စားသောက်ဆိုင်ရှေ့ထိလိုက်ပို့ပါသော်လည်းတော်တော်နဲ့ပြန်မဝင်ပါ။ သစ္စာလက်ကလေးကိုကိုင်ကာ မနေခဲ့ချင်ကြောင်း တကဲကဲ ပြောနေသည်လေ။

"ဖြစ်ပါ့မလား မှောင်နေပြီလေ လွှာစိတ်မချဘူးလေ အချစ်ရယ်"

"ဖြစ်ပါတယ်ကွယ်ဘာမှစိတ်မပူနဲ့နော်"

"မနေခဲ့ချင်ပါဘူးဆိုနေမှကို"

"လွှာလေးရယ် အခုသေချာမရှင်းလိုက်ရင် နောက်ဆို သူလိုက်နှောက်ယှက်နေရင်ဘယ်လိုလုပ်မလဲ"

အန်တီ့စကားကိုကြားမှ အကျိုးကြောင်းဆီလျော်တာမို့ ဆူထားတဲ့ နှုတ်ခမ်လေးကို အနည်းငယ်လျှော့လိုက်ပြီး ခေါင်းလေးသာညိမ့်ပြလိုက်ရင်း ဂရုစိုက်ဖို့ ကို အခါခါ မှာတမ်းခြွေနေမိသည်။

သစ္စာကားထွက်သွားတာကို မျက်စိတစ်ဆုံးထိကြည့်နေပြီးမှ လွှာစားသောက်ဆိုင်ထဲပြန်ဝင်လာခဲ့သည်။
ဆိုင်ထဲသို့ပြန်ရောက်သော်လည်း ကြည်ဖြူကတော့ခုနကတိုင်းပဲ ထိုင်ခုံတွင်ခေါင်းကိုအောက်ငုံ့ထားကာထိုင်နေလေသည်။

ကြည်ဖြူဘာစကားများစပြောမလဲလို့ စောင့်နေပါသော်လည်း အတန်ကြာတဲ့ထိ ဘာစကားမှထွက်မလာပေ။ မိနစ် 20 လောက်ထိဘာစကားမှပြောမလာတာမို့ လွှာစိတ်တိုမိလာသည်။

"နင်ငါ့ကိုနေခဲ့ခိုင်းပြီး ဘာထပ်ပြောချင်လို့လဲ"

စိတ်မရှည်စွာဖြင့် ခပ်ပြတ်ပြတ်လေသံနှင့် တင်းတင်းမာမာ မေးလိုက်ပါသော်လည်း ကြည်ဖြူမှာ ခေါင်းပင်ပြန်မော့မကြည့်။

"ကျွတ်စ်....ပြောစရာမရှိရင်သွားတော့မယ် နင့်နားနေရတာငါ့အချိန်တွေပုတ်တယ်"

လွှာစိတ်အတော်လေးမရှည်တော့မို့ ခုံကိုအားနည်းငယ် ပါအောင်ထုရင်း ပြန်ရန် ဖုန်းကိုကောက်ကိုင်ကာလွှာထရပ်လိုက်သည်။

"လွှာနင်သိလား"

"ငါကဘာကိုသိရမှာလဲ'

ရုတ်တရက်အစမရှိအဆုံးမရှိပြောလာတဲ့ ကြည်ဖြူ့စကားကြောင့်လွှာမျက်မှောင်ကြုတ်ကာ ကြည်ဖြူ့ဘက်ကို လှည့်ကြည့်လိုက်သည်။ ကြည်ဖြူကတော့ ခေါင်းကိုအခုထိ မော့မကြည့်ပဲ‌ အောက်ကိုသာ ငိုက်စိုက်ထားသည်။

နှင်းဆီဖြူလေးများပွင့်စေသော်Where stories live. Discover now