လောကကြီးကို အဆတ်ဖြတ်ပြီး လူတွေရဲ့ ဝေဖန်သံတွေ ကိုမခံစားနိုင်တာမို့ အချိန်ဘယ်လောက်ကြာအောင်ရှောင်ပြေးနေခဲ့မှန်းမသိပေမဲ့ လွှာ့ကြောင့်ဒီရက်ပိုင်း အပြင်လောကနဲ့ အဆက်ဆက်ရှိသေည်လေ။ ဒီနေ့လေးတော့ အပြင်သွားချင်စိတ်ပေါက်သည်မို့ သစ္စာကားလေးနဲ့ပဲကော်ဖီဆိုင်လေးတစ်ခုကိုထွက်လာခဲ့သည်။ တိုက်တိုက်ဆိုင်ဆိုင် သစ္စာကော်ဖီဆိုင်လေးထဲဝင်လာလာချင်းသစ္စာကို သတိထားမိသူမှာ လွှာပင် ။ အပြင်တစ်ယောက်တည်းထွက်လာတဲ့ အန်တီ့ကိုမြင်ရတာ တကယ် အထူးအဆန်းပင်မဟုတ်လား။ ချက်ချင်းဆိုသလိုပဲ လွှာ သစ္စာနားသို့သွားလိုက်သည်။
"အန်တီ..."
"ဟင် "
နောက်မှခေါ်လိုက်သောလွှာ့အသံကြောင့်လှည့်ကြည့်ရင်း ပြုံးပြလိုက်သည်။
"လာ အန်တီနဲ့မိတ်ဆက်ပေးစရာလူရှိတယ်"
ပြောရင်းဆိုရင်း သစ္စာလက်လေးကိုဆွဲရင်း ကော်ဖီဆိုင်ရဲ့တစ်နေရာမှကောင်မလေးတစ်ယောက်ထိုင်နေတဲ့ဆီခေါ်သွားခဲ့သည်။
"အန်တီ ဒါက လွှာ့သူငယ်ချင်း ကြည်ဖြူတဲ့ ဒီဘက်က ငါ့အန်တီ နာမည်ကဒေါ်သစ္စာလှိုင်တဲ့"
ပိုင်းစိုးပိုင်နင်နဲ့ သူ့အန်တီပါတဲ့လေ။
" မင်္ဂလာပါ အန်တီ"
"မင်္ဂလာပါကွယ်"
"အန်တီဘာမှာထားတာလဲ လွှာသွားယူပေးမယ်နော်"
ပြောရင်း ကောက်ကနည်းထကာ သစ္စာမှာထားတဲ့ကော်ဖီခွက်လေးကိုင်ကာပြန်ရောက်လာသည်။
"နေပူကြီးကို ကော်ဖီကို အပူကြီးသောက်တာလား အန်တီရယ်"
"အပူပဲသောက်ချင်တာကို"
ပြောနေရင်း ခွက်ကိုလက်လှမ်းရင်းသောက်ဖို့ရွယ်လိုက်သည်။
"ပူမယ် အန်တီရဲ့ မှုတ်အုန်းလေ"
ကြည်ဖြူ့ကိုရှေ့မှာထားရင်းရှိသည်တောင်မထင်ပဲ အကဲပိုပြနေတဲ့ လွှာ့ကိုကြည့်ရင်း ကြည်ဖြူ သစ္စာကို အနည်းငယ် မုန်းမိပါသည်လေ။
.....
"မခွါညို ညီမ ဒေါ်သစ္စာလှိုင်ကိုတွေ့ခဲ့တယ် သူကတော့ ကြည်ဖြူ့ကိုမှတ်မိပုံမရဘူး"
YOU ARE READING
နှင်းဆီဖြူလေးများပွင့်စေသော်
Romanceစိန်ပန်းပွင့်လေးများကြွေ၍ နှင်းဆီဖြူလေးပွင့်လာပြီ။ ချစ်ရသူဟာလည်းပြန်လာလေပြီ။