Part - 20

619 34 0
                                    

သတိရလာချိန်တွင် အမြင်အာရုံများဝေဝါးနေ၍ သစ္စာ တော်တော်နဲ့ မထနိုင်ပါ။ အားယူပြီး ထကာ မျက်လုံးများကို ပွတ်သတ်ရင်း အခန်းထဲကိုလှည့်ပတ်ကြည့်မိသည်။ ကြည့်နေရင်းမှာပဲ သစ္စာသိလိုက်ရတာကသူ့အခန်းမဟုတ်ပဲ အိမ်အောက်ထပ်မှ အရင်ကကြီးကြီးမြတို့ နေခဲ့တဲ့ အခန်းဖြစ်နေခဲ့သည်။

"သတိမှရလာပါအုန်းမလားလို့.."

တံခါးဘက်မှ အေးစက်နေတဲ့ အသံကြားတာမို့ ဒါဟာလွှာလေးမှန်းသစ္စာသိသည်။ လက်ထဲတွင်လည်းဝိုင်ခွက်ကိုကိုင်ထားပြီး စီးကရက်ကို လက်ကြားတွင်ညှပ်ထားလေသည်။

"လွှာလေး..."

"အဲ့လိုမခေါ်နဲ့လို့ပြောထားတယ်လေ"

တမြတ်တနိုးခေါ်ခဲ့ရသော လွှာ့နာမည်လေးကိုတောင် သစ္စာခေါ်ခွင့်မရှိတော့တာလား။ နှလုံးသားမှ နာကျင်မှုကို ခံစားရပါသော်လည်း ရှင်းပြဖို့ပင် ခွန်အားမရှိတော့ချေ။ ရှင်းပြရင်တောင် လွှာလေးက ယုံနိုင်မှာမဟုတ်ဘူးမလား။

"..."

"နောက်ဆို ခင်များ ဒီအခန်းမှာပဲနေရမယ်
အော်ပြီးတော့ မမခင်နဲ့ ကျွန်မအတွက် ဝေယာဝစ္စ အကုန်လုပ်ပေးရမယ် နားလည်လား"

တစ်ချိန်တုန်းက သစ္စာကို တယုတယဂရုစိုက်ပြီးထားပေးခဲ့တဲ့သူက အခုတော့ သစ္စာကို အိမ်ဖော်တစ်ယောက်လိုများသဘောထားနေပြီလား။ အနာပေါ်တုတ်ကျတယ်ဆိုတာဒါမျိုးများလား။ ဒီအချိန်မှ သစ္စာ
နားလည်လိုက်ရတာက ဒါဟာ သစ္စာအတွက် လောကကြီး ကပေးတဲ့ ဆုလာလ်မဟုတ်ခဲ့ပဲ ကျိန်စာတစ်ခုသာဖြစ်နေခဲ့သည်။

"နားလည်လားလို့..."

ပြောရင်းနဲ့ လက်ထဲမှ ဝိုင်ခွက်ကို ကြမ်းပြင်ပေါ်သိုပစ်ပေါက်ကာ ခွဲလိုက်တာမို့ သစ္စာကိုယ်လေးဇက်ကနဲတုန်သွားသည်။

"နား..နားလည်ပါတယ်"

"ဒီနေ့ကစပြီး ကိုယ့်နေရာကိုယ်သိပါ"

"အင်းပါလွှာလေးရယ်"

မယုံနိုင်လောက်အောင်ပြောင်းလဲသွားတဲ့ လွှာလေးရဲ့ပုံစံကြောင့် သစ္စာ ဘယ်လောက်တောင်နာကျင်ရအုန်းမလဲ တွေးနေမိသည်။ နာကျင်ရမယ်ဆိုရင်တောင် သစ္စာကျေကျေနပ်နပ်ကြီးမြတ်နိုးနေမိမည်။ လွှာလေးက ကျိန်စာတစ်ခုအနေနဲ့ ပြန်ရောက်လာခဲ့သည်ဆိုလည်း သစ္စာအတွက်ကတော့ သိပ်မြတ်နိုးရတဲ့ ကျိန်စာလှလှကလေးဖြစ်နေဦးမည်။

နှင်းဆီဖြူလေးများပွင့်စေသော်Where stories live. Discover now