"ဒီချိန်ဆို ဘယ်နေရာမှာရောက်လို့ ဘာတွေလုပ်နေပြီလဲကွယ်" နွယ်နီခိုင်တစ်ယောက် ဘားမှာထိုင်ရင်း ဝီစကီတစ်ခွက်ကို မော့ချကာ တစ်စုံတစ်ယောက်အကြောင်းတွေမိနေလေရဲ့။
" ဟန်နီ "
" ဟော လန့်လိုက်တာကွယ်"
"စောင့်နေတာကြာပြီလား ဟန်နီ့အတွက် အမ်မလီ ပန်းလေးဝယ်နေလို့"
"ဟင့်အင်း မကြာပါဘူးရှင် "
လက်ထဲမှ နေကြာပန်းလေးတွေကိုခိုင့်ရှေ့ထိုးပေးရင်းခိုင့်ပါးလေးကိုနမ်းကာပြောလာတဲ့ အမ်မလီ။ ခိုင်နှင့် အမ်မလီမှာ ပဲရစ် တွင်တွေ့ခဲ့ကြတာဖြစ်သည်။ ရှားရှားပါးပါး မြန်မာနိုင်ငံသူနှစ်ယောက် ပဲရစ်မှာတွေ့ရတယ်တဲ့။ အမ်မလီမှာ ခိုင့်ထက် 7 နှစ်လောက်ငယ်တဲ့ကောင်မလေးတစ်ယောက်။ ကောင်မလေးနှစ်ယောက်အနေနီးရင်း တစ်ဦးပေါ်တစ်ဦးမေတ္တာရှိရာကနေ လက်တွဲခဲ့ကြသည်မှာ 7 လနီးပါးရှိပြီဖြစ်သည်။ လက်တွဲလာတာမကြာသေးဘူးဆိုပေမဲ့ အမ်မလီမှာ ခိုင့်ကိုအတော်လေးချစ်ရှာသည်။ အမ်မလီမှာအငယ်ဖြစ်သော်လည်း ခိုင့်အပေါ် အစစအရာရာလိုက်လုပ်ပေးတတ်သည်။ အမ်မလီ ကျောင်းပြီးတာနဲ့ မြန်မာနိုင်ငံကို အတူတူပြန်လာဖို့ စီစဉ်ထားသော်လည်း ရုတ်တရက် အမ်မလီမှ ခိုင့်ကိုအဆက်အသွယ်ဖြတ်သွားခဲ့တာမို့ ခိုင်မြို့အနံ့လိုက်ရှာ ခဲ့သော်လည်း အရိပ်အယောင်တောင်မတွေ့ခဲ့။ အမှတ်တရတွေရှိတဲ့နေရာမှာ ချစ်ရသူမရှိတော့တာမို့ မခံစားနိုင်တဲ့အဆုံး လက်လျှော့ပြီးမြန်မာနိုင်ငံကိုပြန်လာခဲ့ချင်းဖြစ်သည်။
အတိတ်က အမှတ်တရလေးတွေ ခေါင်းထဲ တရိပ်ရိပ်ပေါ်လာရင်း မျက်ဝန်းထဲမှ မျက်ရည်တို့သည်လည်း တသွင်သွင်စီးကျနေလေသည်။သောက်ထားတဲ့ဝီစကီအရှိန်ကြောင့် မူးဝေလာရင်း ဖုန်းထဲမှ ဘယ်တော့မှ မကိုင်တော့တဲ့ eam ဆိုတဲ့နာမည်လေးနဲ့မှတ်ထားတဲ့ ဖုန်းနံပါတ်လေးတစ်ခုကို ဆက်တိုက်ခေါ်နေမိသည်။
"ဟယ်လို"
ရုတ်တရက် ဖုန်းတခြားတစ်ဖက်က ကြားလိုက်ရတဲ့အသံကို ခိုင်မယုံနိုင် ။ တစ်ဖက်ကအသံလေးသည် အမှန်ဟုတ်သည်ဖြစ်စေ ထင်ယောင်ထင်မှားတစ်ခုဖြစ်စေ ခိုင်ဂရုမစိုက်ပါ အဓိကက ခိုင် ထိုမိန်းကလေးကို အတိအကျလွမ်းနေသည်ဆိုတာပင်။
YOU ARE READING
နှင်းဆီဖြူလေးများပွင့်စေသော်
Romanceစိန်ပန်းပွင့်လေးများကြွေ၍ နှင်းဆီဖြူလေးပွင့်လာပြီ။ ချစ်ရသူဟာလည်းပြန်လာလေပြီ။