Part - 9

597 30 0
                                    

ချစ်ခြင်းမေတ္တာဆိုတာကို အနူးညံ့ဆုံးနည်းနဲ့ တန်ဖိုးထားခြင်း ကာကွယ်ပေးချင်းနဲ့ ပြသရတာမဟုတ်လား။ နူးညံ့တဲ့ချစ်ချင်းမေတ္တာကိုမြင်နိုင်ဖို့ဆိုတာ မျက်လုံးနဲ့ကြည့်ရုံမြင်နိုင်တာမျိုးမဟုတ်ဘူးလေ သူရဲ့ မျက်ဝန်းထဲက လေးနက်မှု ကိုနားလည်အောင်ကြိုးစားရတာမျိုး။ အသွေးအသားနဲ့ နှလုံးသား ထဲက သွေးကြောတွေအထိပါ အတူလိုက်ခံစားကြည့်ပေးရတာမျိုး။

"အန်တီ့ ဘက်က ခုချက်ချင်းပြန်ဖြေပေးဖို့မလိုပါဘူး သေချာတဲ့ အဖြေတစ်ခုရတဲ့အထိ လွှာစောင့်နိုင်ပါတယ် "

စည်းမျဉ်းစည်းကမ်း နဲ့ဘောင်တွေ များပြားပြီး အမျိုးသမီးတစ်ယောက်က အမျိုးသမီးတစ်ယောက်ကို ချစ်တယ်ဆိုတာကိုလက်မခံနိုင်ပဲ သဘာဝကိုလွန်ဆန်ပါတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ဖိနှိပ်မဲ့ လောကကြီးရဲ့ ဒဏ်ကို လွှာခံနိုင်ရည်ရှိပါတယ်။ အန်တီ့ကို လွှာချစ်တာမို့ ဖြစ်လာသမျှအရာတွေကိုလည်း လွှာကပဲခါးစည်းခံပေးမှာမို့ လွှာ့မျက်ဝန်းထဲက ချစ်ခြင်းမေတ္တာကိုသာမြင်အောင်ကြည့်ပြီး အန်တီလွှာ့ဆီကိုယုံယုံကြည်ကြည်နဲ့သာ လှမ်းလာခဲ့ပေးပါ။ အန်တီ့လက်ကိုဆွဲထားရင်း သတ်မှတ်ချက်တွေများလွန်းတဲ့လောကကြီးကနေ အဝေးဆုံးကနေလွှာခေါ်ထုတ်သွားပေးပါ့မယ်။

"အန်တီ"

"ဟင်"

"ဒီနှင်းဆီပင်လေးကိုတော်တော်သဘောကြပုံပဲနော်"

"သဘောကြတာပေါ့ ဒါပေမဲ့လေ တို့စိုက်ထားတာ နှစ်ချို့နေပြီ တစ်ခါမှ ပန်းမပွင့်သေးဘူး"

စိုက်ထားတာ ကြာပါသော်လည်းတစ်ခါမှအပွင့်မပွင့် အပင်လေးက လည်း မသေသေးတာမို့ သစ္စာ မျှော်လင့်ရင်း တယုတယ ဂရုစိုက်ဖြစ်နေချင်းသာ။

"မမ"

"ဟင် အမရာပြန်ရောက်ပြီလား"

"ဟုတ်မမ အမရာပင်ပန်းလာလို့ ခဏသွားနားအုန်းမယ်နော်"

အမရာ့စကားကိုခေါင်းလေးသာသစ္စာညိမ့်ပြလိုက်သည်။တကယ်လည်း အမရာမျက်နှာလေးမှာညိုးငယ်နေလွန်းပြီးပင်ပန်းနေဟန်ပေါ်သည်။ အမရာအခန်းထဲရောက်ရောက်ချင်း အပေါ်က ထပ်ဝတ်ထားတဲ့ဟူဒီကို ချွတ်ချလိုက်သည်။ ဟူဒီအနက်ရောင်အောက်မှပေါ်လာသော အဖြူရောင်အင်္ကျီလေးမှာ စွန်းထင်းနေသော သွေးစများမှာ အကွက်လိုက်။ခြေပစ်လက်ပစ် အိပ်ရာပေါ်လှဲချလိုက်ရင်း မြင်ယောင်လာသောပုံရိပ်များကြောင့် နှုတ်ခမ်းကိုပေါက်သွားတဲ့ထိ ကိုက်ထားမိသည်။

နှင်းဆီဖြူလေးများပွင့်စေသော်Where stories live. Discover now