"အချစ်...."
"ရှင်...."
"ချစ်တယ်..."
"ပိုချစ်ရပါတယ်ရှင်..."
ချစ်ရသူကို ချစ်တယ်လို့ ကြင်ကြင်နာနာပြောနိုင်တာဟာ သိပ်ကိုကြည်နူးဖို့ကောင်းတယ်မဟုတ်လား။ ပျော်ရွှင်ခြင်း ဝမ်းနည်းခြင်း ပူလောင်ခြင်း နာကျင်ခြင်းတွေအကုန်ကျော်ဖြတ်လာပြီးအချိန် ခဏလောက် ချစ်ရသူအနားမှာ အေးအေးချမ်းချမ်းနေနိုင်တယ်ဆိုရင် ခံစားခဲ့ရသမျှ အရာရာဟာ တန်ပါတယ်လေ။
သစ္စာ သတိရလာတဲ့ချိန်တုန်းကပေါ့ လက်ကလေးကို ဖွဖွကလေးကိုင်ထားပြီး ငိုကာတောင်းပန်ခဲ့ပုံများ။ သစ္စာ ဘယ်တုန်းကမှ လွှာလေးကို အပြစ်မတင်ခဲ့ဖူးသလိုမုန်းလည်းမမုန်းခဲ့ဖူးပါဘူး။ ဆေးရုံဆင်းတဲ့ထိကိုနေ့တိုင်း နှင်းဆီဖြူကလေးတွေ ဝယ်ဝယ်လာတတ်တာလည်း လွှာလေးတာဝန်လိုဖြစ်နေပါပြီလေ။ အမရာ့ အကြောင်းကို သေချာအချိန်ယူပြီးမှ လွှာပြောပြခဲ့သည်။ အပြစ်တွေလုပ်ခဲ့တာမှန်ပါသော်လည်း တစ်ဦးတည်းသော ညီမလေးကို သစ္စာစိတ်မကွက်နိုင်ခဲ့ပါလေ။ ဒီအချိန်မှာတော့ ကံကြမ္မာဆိုးဟာပြီးဆုံးသွားခဲ့ပြီလားလို့ နှစ်ယောက်လုံးတွေးမိနေကြသည်။ မပြီးပဲထပ်ရှိလာဦးမယ်ဆိုရင်တောင်
ချစ်သူနှစ်ယောက်ဟာ ရင်ဆိုင်ဖို့အသင့်ဖြစ်နေပါပြီလေ။ ကြုံခဲ့သမျှ အရာရာကနေ သင်ခန်းစာယူခဲ့ကြပြီး တစ်ယောက်နဲ့တစ်ယောက် ပိုပြီး ဂရုစိုက်လာကြမိသည်။ အနာဂါတ်မှာဘာဖြစ်မယ် ဆိုတာကို မတွေးပဲ ချစ်ရသူနားရှိရတဲ့ ပစ္စုပ္ပန်ကိုသာ တန်ဖိုးထားချင်တော့သည်။ချစ်ရသူနဲ့ အတူပုဂံကို အတူတူသွားနိုင်ဖို့ဆိုတာ လူတိုင်းလိုလို တွေးဖူးကြတယ်မဟုတ်လား။ လွှာကတော့ တွေးရုံတင်မဟုတ်ပဲ အကောင်အထည်ဖော်ခဲ့ပါသည်လေ။ နွေရာသီမဟုတ်ပဲ ဆောင်းရာသီကို ရွေးကာ လွှာတို့ ပုဂံသို့ဘုရားဖူးထွက်ခဲ့ကြသည်။
အန်တီက ပုဂံကို ချစ်မြတ်နိုးလွန်းသူဆိုတာ လွှာလေးသိသည်။ ပုဂံနေဝင်ချိန်လေးတစ်ခုကို ကြည့်ရင်း ပန်းချီကားလေးရေးဆွဲချင်တာ အန်တီ့ရဲ့အိမ်မက်ဆိုတာကိုလည်လွှာလေးသိသည်။
YOU ARE READING
နှင်းဆီဖြူလေးများပွင့်စေသော်
Romanceစိန်ပန်းပွင့်လေးများကြွေ၍ နှင်းဆီဖြူလေးပွင့်လာပြီ။ ချစ်ရသူဟာလည်းပြန်လာလေပြီ။