ခန်းနားတဲ့ မင်္ဂလာခန်းမကြီး အလည်ကို ထပ်ရောက်နေရပြန်ပြီ။ တစ်ချိန်ကလည်း တစ်ခါရောက်ရှိခဲ့ဖူးပေမဲ့ ချစ်သူနဲ့တခြားမိန်းမကို မြင်ခဲ့ရတာမို့နာကျင်ခဲ့ရသည်။ ဒီတစ်ခါမှာလည်းချစ်ရသူကိုဆုံးရှုံးခဲ့ရပြီး ကိုယ်မချစ်မနှစ်သက်တဲ့ သူတစ်ယောက်ဘေးမှာ အသက်မဲ့စွာရပ်ရင်း ပူလောင်ရပြန်သည်။ တကယ်ပဲ ဒါတွေဟာ ကိုယ်မို့လို့ဖြစ်နေခဲ့တာလား မင်္ဂလာပွဲဆိုတဲ့အရာနဲ့များကျိန်စာသင့်နေခဲ့ရသလား။
အသက်တစ်ချောင်းကလွဲပြီး သစ္စာတွင်ဘာမှ မရှိတော့ပါ။ ဘာတွေကြောင့်များဒီလောက်မြန်ဆန်စွာဖြစ်ပျက်သွားတယ် ဆိုတာတောင် သတိမထားမိလိုက်ခင်မှာပဲ သစ္စာတွင်ဘာမှမရှိတော့တာတော့သေချာသည်။
"ရှင်ဝင်မလာနဲ့...."
"ကိုနဲ့ သစ္စာက ခုဆို လက်ထပ်ပြီးသား လင်မယားတွေလေကွာ"
"ကျွန်မရှင့်ကို လက်ထပ်မယ်ပဲပြောခဲ့တာလေကျန်တာဘာတွေမျှော်လင့်နေတာလဲ"
"ဘာ.."
ဟုတ်ပါတယ် သစ္စာ လက်ထပ်ဖို့ကိုပဲ သဘောတူခဲ့တာပါ။ ကျန်တာတွေဘာမျှမပြောခဲ့ဘူးမဟုတ်လား ကောင်းမြတ်သော် နားမလည်နိုင်စွာ ဖြင့် သစ္စာကို ခပ်တွေတွေကြည့်နေမိသည်။
"ဒီနေ့ကစပြီး ရှင် တခြားအခန်းမှာပဲနေပါအကြင်လင်မယားဆိုတဲ့နာမည်ကလွဲရင်ရှင်နဲ့ကျွန်မကြားမှာဘာမှမရှိဘူးဆိုတာ မှတ်ထားပါ "
"လင်မယားတွေတောင်ဖြစ်နေပြီကို မင်းဒီလိုကျ..."
"ဘာမှအတင်းအကြပ် လုပ်ဖို့မစဉ်းစားနဲ့ ကျွန်မဘဝမှာဘာမှမရှိတော့ဘူး သေလိုက်လည်းမထူးဘူးဆိုတာရှင်မှတ်ထားပါ"
ကုတင်ပေါ်တွင်ထိုင်ရင်း အေးစက်တဲ့ လေသံ တင်းမာနေတဲ့ မျက်နှာထားတဲ့ပြောနေပုံကိုကြည့်ရင်း သစ္စာတကယ်လုပ်နိုင်တယ်ဆိုတာသိတာမို့ကောင်းမြတ်သော် ဘာမှမလုပ်နိုင်ခဲ့ပါ။သစ္စာ မေမေ ချန်ခဲ့သော ဒီအိမ်ကနေလည်း ရွှေ့မနေမှန်းသိတာမို့ ကောင်းမြတ်သော်ကပဲ ဒီအိမ်ကိုပြောင်းလာခဲ့ရချင်းဖြစ်သည်။ ပြောင်းလာကတည်းက ကြီးကြီးမြ နှင့် အိမ်အကူမလေးတွေအကုန်ကို အလုပ်ထုတ်ပစ်ခဲ့တာမို့ အခုတော့ဒီအိမ်ကြီးတွင် လူ၃ယောက်သာကျန်ခဲ့ပြီး အေးစက်ခြောက်ခြားစရာကောင်းလှသည်။
YOU ARE READING
နှင်းဆီဖြူလေးများပွင့်စေသော်
Romanceစိန်ပန်းပွင့်လေးများကြွေ၍ နှင်းဆီဖြူလေးပွင့်လာပြီ။ ချစ်ရသူဟာလည်းပြန်လာလေပြီ။