မျက်စိတစ်ဆုံး စိမ်းလန်းနေသောမြက်ခင်းနုနုကလေးတွေကြားထဲတွင် နှင်းဆီပင်လေးတွေ အစီအရီ စိုက်ထားပြီး အဖြူအပွင့်ကလေးများဟာ ဖွေးနေအောင်ပွင့်ဝေနေသည်။ ဘေးပတ်ပတ်လှည်တွက်လည်း တိမ်ရိပ်ငွေ့ငွေ့ကလေးများဟာ လှပစွာပြန့်ကျဲနေသည်။ ကောင်းကင်ပေါ်တွင်လည်း လှပတဲ့ တိမ်တိုက်များ ရွေ့လျှားနေတာကို ကြည့်ရတာဟာ တကယ့်ကို နိဗ္ဗာန်ဘုံမဟုတ်လား။ ရုတ်တရက် အပေါ်မှ ကြွေကျလာတဲ့ အနီရောင် ပွင့်ချပ်ကလေးတွေကို မြင်မှ အပေါ်သို့မော့ကြည့်လိုက်ချိန်တွင် တစ်ပင်လုံးနီးပါးနီရဲနေအောင် အပွင့်ကလေးများပွင့်နေသည့် စိန်ပန်းပင်ကြီးကို မြင်ရသည်။ သေဆုံး၍များ ဒိလိုလှပတဲ့နေရာလေးသို့ရောက်လာခဲ့ချင်းလား။ ရုတ်တရက်ဆိုသလို တိမ်ငွေ့ကလေးများ လွှင့်စင်လာတာမို့ သစ္စာ မျက်လုံးများကို လက်ဖြင့်ကာထားလိုက်သည်။ ပြန်ဖွင့်ကြည့်ချိန်တွင် ချက်ချင်းပဲ နှင်းဆီဖြူခင်းကလေးဟာ သိပ်လှတဲ့ နေကြာပန်းခင်းကလေးအဖြစ်သို့။ အဝေးမှ အရွေ့ရွေ့ တိုးလာနေသော အရာကို သစ္စာသတိထားကြည့်မိလိုက်ချိန်တွင် အဖြူရောင်နှင်းဆီပန်းကလေးကို ကိုင်ကာ သစ္စာဆီ တန်းတန်းမတ်မတ်လျှောက်လာသော လွှာလေးကို တွေ့လိုက်ရသည်။ လွှာ့ မျက်နှာလေးပေါ်တွင် တစ်ချိန်က သိပ်ကို အေးချမ်းလှတဲ့ အပြုံးကလေးများရှိနေသည်။
သစ္စာဆီ တဖြေဖြေးတိုးလျှောက်လာရင်းမှာပင် ခုဏလေးတင် အဖြူရောင်တိမ်တိုက်များနှင့်ကောင်းကင်ဟာ မဲမှောင်လာသည်။ စက္ကန့်ပိုင်းလောက် ခဏတာ မဲမှောင်သွားပြီးမှ အနည်းငယ်ပြန်လင်းလာသည်။ သို့သော် ပတ်ဝန်းကျင်ဟာ အုံ့မှိုင်းနေဆဲပင်။ သစ္စာ ဟိုကြည့်ဒီကြည့်ဖြင့် လွှာ့ကိုပြန်ရှာနေမိသည်။ အမဲရောင် တိမ်တိုက်အကွယ်မှ ထွက်လာသော် လွှာလေးမျက်နှာတွင်ခုဏလိုတော့ အပြုံးမရှိ ပကတိ တည်ငြိမ်အေးစက်နေသည်။ လက်ထဲမှ နှင်းဆီပန်းအဖြူလေးဟာလည်း အနက်ရောင်သို့ပြောင်းနေခဲ့ပြီ။ သစ္စာအနီးနားသို့ရောက်ချိန်တွင် နာကျည်းမှုများဖြင့် နီရဲနေတဲ့ မျက်ဝန်းတစ်စုံက သစ္စာဆီ စူးစူးစိုက်စိုက်။ လက်ထဲမှ နှင်းဆီနက် ကလေးကို ဖိဆုပ်ထားသည်မို့ ဆူးများဟာ လွှာလေးလက်ကို ထိုးဖောက်၍သွေးများစီးကျလာခဲ့သည်။ သစ္စာရင်ထဲထိတ်သွားပေမဲ့ နှုတ်ဟာ စကားတစ်ခွန်းမျှပြောမရခဲ့။ ရုတ်တရက်ပဲ နှင်းဆီအနက်ရောင် ရိုးတံဟာ သစ္စာရင်ဘတ်တည့်တည့်သို့စိုက်ဝင်လာခဲ့သည်။
YOU ARE READING
နှင်းဆီဖြူလေးများပွင့်စေသော်
Romanceစိန်ပန်းပွင့်လေးများကြွေ၍ နှင်းဆီဖြူလေးပွင့်လာပြီ။ ချစ်ရသူဟာလည်းပြန်လာလေပြီ။