နာကျင်မှုအတိဖြင့်နိုးလာချိန်တွင် အရင်ဆုံးဘေးသို့လှည့်ကြည့်မိသည်။ ထင်ထားသလို မဟုတ်ခဲ့ပဲ အနားတွင် ဗလာနတ္ထိ။ သစ္စာကိုယ်ပေါ်တွင်လည်း စောင်အပါးလေးမှ အပမရှိပေ။ နာရီသို့လှမ်းကြည့်လိုက်ချိန်တွင် ညနေ 6 နာရီပင်ထိုးနေလေပြီ။
တစ်ကိုယ်လုံးနာကျင်နေပြီး ကောင်းကောင်း မအိပ်ရသေးတာမို့ ဒီချိန်ထိအိပ်ပျော်သွားချင်းဖြစ်မည်။"ဒေါက်...ဒေါက်.."
သစ္စာ အဝတ်များပြန်ဝတ်ကာ အိပ်ရာပေါ်ပြန်လှဲနေချိန် တံခါးခေါက်သံကြားတာမို့ မျက်လုံးများဝိုင်းစက်သွားသည်။ အနည်းငယ်မျှော်လင့်ချက်ပါနေသော အကြည့်လေးများဖြင့် တံခါးဘက်သို့လှည့်ကြည့်နေလေသည်။
"မမနေမကောင်းဘူးလား"
တံခါးလေးတွန်းဖွင့်ရင်း ဝင်လာတဲ့ အမရာကိုတွေ့တာမို့ သစ္စာ မျက်ဝန်းများအနည်းငယ်အသက်မဲ့သွားခဲ့သည်။ခေါင်းလေးသာ အသာယာညိမ့်ပြလိုက်မိသည်။
"ကိုယ်ရောပူနေတာလား"
ပြောရင်းဖြင့် သစ္စာနှဖူးလေးပေါ်သို့ အမရာလက်ကလေးတင်ကာစမ်းလိုက်သည်။ အပူရှိန် အနည်းငယ်ရှိနေတာမို့ အမရာ စိတ်ပူမိသွားသည်။
"ကိုယ်ပူနေတယ်ရော မမရယ်"
"ကိုယ့်ငွေ့လေးပါ ဘာမှမဖြစ်ပါဘူး"
တိုးညှင်နေတဲ့ အသံလေးနဲ့သာပြန်ဖြေကာ ပြန်အိပ်ရန်ကြိုးစားမိသည်။
"မမဘာမှမစားရသေးဘူးမလား ဆန်ပြုတ်စားမလားအမရာလုပ်လာခဲ့မယ်"
"တော်ပါပြီကွယ်"
"မမ ဆေးသောက်ရအုန်းမယ်လေ"
"မမ နားပြီကွယ်"
အမရာ့စကားများကိုမမကဂရုမစိုက်သည့်ဟန် ပြန်ပြောလာပြီး တစ်ဖက်သို့ ကိုယ်လေးစောင်းကာအိပ်သွားသည်မို့ ပြန်ထွက်လာခဲ့သည်။
တံခါးလေးကိုအသာယာပိတ်ပေးလိုက်ပြီး အခန်းသို့ပြန်လာခဲ့သည်။ အခန်းထဲအရောက်တွင် တံခါးကိုပိတ်ချရင်း နောက်ကျောဖြင့်မှီကာ အောက်သို့ထိုင်ချလိုက်သည်။ မမ လည်တိုင်မှ အနီရောင် အကွက်တွေကိုမြင်ယောင်လာရင်း တားဆီး မရသော မျက်ရည်းများဟာ မျက်ဝန်းအိမ်မှ စီးကျလာခဲ့သည်။
YOU ARE READING
နှင်းဆီဖြူလေးများပွင့်စေသော်
Romanceစိန်ပန်းပွင့်လေးများကြွေ၍ နှင်းဆီဖြူလေးပွင့်လာပြီ။ ချစ်ရသူဟာလည်းပြန်လာလေပြီ။